ဒါလေးက ဆိုင်တဆိုင်မှာစားခဲ့ဖူးတာ။ အဆီအဆိမ့် လေးပေါ့။ စားကောင်းလွန်းလို့ ဝလာမှာ စိုးပေးမဲ့ ခဏ ခဏစားမိတဲ့ဟင်းပါ။
ပါဝင်ပစ္စည်းများ
-ပုဇွန် ၁၅ ကောင် ကျောခွဲသန့်စင်ပြီး
-ကြက်ဥအနှစ်ချည်း ၂လုံး( ခလောက်ထား)
-ထောပတ် ၁၀၀ ဂရမ်
– ဆီ
-ဆား၊ ကြက်သားမှုန့်
ပုဇွန်ကို ဆား၊ ကြက်သားမှုန့် တို့နဲ့ နယ်ထားပါ၊
ထောပတ်ကိုဆီ နဲနဲ နဲ့အပူပေးပြီး ပျော်ပစေ၊
ဆီတော်တော်ပူလာရင်ကြက်ဥအနှစ်ခလောက်ထား တာကို ဖြေးဖြေးချင်း လောင်းထဲ့လိုက်ပါ ရွှေဝါရောင်လေးများရပြီ ဆိုရင် ဖိုပေါ်ကချပြီး ဆီစစ်ထားပါ
နယ်ထားပြီးသား ပုဇွန်လေးများကို ထောပတ်ဆီနဲ့ကြော်ပါ၊ ပြီးမှ ကြက်ဥအမြုပ်လေးများခင်း၍သော်၎င်း အပေါ်မှဖြူး၍သော်၎င်းစားသုံးနိုင်ပါပြီ၊