ဒီကြက်ကင်လေးက အိသက် သားလေး နဲ့ ခင်ပွန်း အရမ်းကြိုက်ပါတယ်၊ ဒီပုံ လေးတွေကတော့ Valentine Day 2012 မှာလုပ်စားတဲ့ အမှတ်တရ ပုံလေးတွေပါ. လုပ်ရတာလဲ လွယ်ပြီအရသာ ကလဲ အလွန်ကောင်းလို့ ခင်ပွန်းသည်က Nando’s ကြက်ကင်ဆိုင်ကိုတောင်မသွားတော့ဘူးလို့ဆိုပါတယ်၊ ဒီတော့ငွေကုန်သက်သာ အရသာလဲရှိ လွယ်လဲ လွယ်တဲ့နည်းလေးကို မျှဝေပါမယ်နော်…
ပါဝင်ပစ္စည်းများ
-ပျားရည် စားပွဲတင်ဇွန်း ၇ဇွန်း
– ဆားနဲနဲ၊ ကြက်သားမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
-အရောင်တင်မှုန့် ဇွန်းတဝက်၊
-သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
-ပဲငံပြာရည်အနောက် ၁ ဇွန်း
-five spice powderတစ်ဇွန်း၊ ငရုတ်ကောင်း ဇွန်းတဝက်၊ dried basil ဇွန်းတဝက်
( အထက်ပါတို့ကို ခွက်ထဲတွင် ရောမွှေထားပါ)
-ကြက်တစ်ကောင်
-မုန်လာဥအသေးလေး ၅ ဥ၊
-parsnip သုံးလုံး( ထက်ခြမ်းခွဲ )
-ခရမ်းချဉ်သီး ၂လုံး ( ထက်ခြမ်းခွဲ )
ကြက်သားကိုရေစင်စင်ဆေးပြီး ပထမဆုံး ကျောရိုးကခွဲချလိုက်ပါ၊ ရင်ပုံ နဲ့ ပေါင်သား တွေကိုဓားနဲ့ မွှန်းလိုက်ပါ၊ ခွက်ထဲတွင် ရောမွှေထားသော အရသာအရည်များကို အနည်းငယ်ချန်၍ ကြက်တကောင်လုံးကိုနယ်ပြီ ၁၅ မိနစ်ခန့် နှပ်ထားပါ၊
ပြီးရင် oven tray ထဲ ထဲ့ပါ၊ ခွက်ထဲတွင်ကျန်သော အရသာအရည်များကိုအသီးအနှံများကိုသုတ်လိမ်းပေးပြီးဗန်းထဲသို့ ထဲ့ပါ၊
ကြက်သား တဖက်စီကို လေးဆယ် မိနစ်ခန့် အပူချိန် ၂၀၀ အပေါ်မီး အောက်မီး နဲ့ ကင်ပေးပါ။ ပြီးရင် အလွန်မွှေးသော အရသာရှိသော ပျားရည်ဆမ်းကြက်ကင် လေးရပါပြီ။
အာလူးချောင်း ကြော်လေးတွေ၊ salad mix ၊ olive ၊ cheese တို့နဲ့ တွဲစားရင် အလွန်ကောင်းပါတယ်၊
Ma, thanks for the recipe. Just in time before my husband’s birthday <3<3
I am glad you like it nyi ma lay..
ုကိုယ်တိုင်စားရမှ ကောင်းတယ်ဆိုတာ ယုံမှာမို့လို့ မြန်မာပြည်ကို ပြန်လာပြီ ချက်ကျွေးပါ ညီမငေးရယ်…..ဟဲ..ဟဲ..ဟဲ
မမလေးရဲ့ ပုဇွန်ချဉ်ကြော်အရင်စားရမှ ဖြစ်မယ် အရမ်းချက်ကျွေးချင်လာပြီ လေယာဉ်လက်မှတ်ဖိုး ပို့လိုက်ပါ မတ်မတ်လေးရယ် ငဲ ငဲ ငဲ …. 😛
So nice,sis I love it…….and love u,too.:-)
pls do trynyi ma lay 🙂