ဒါလေးကတော့ အိသက်အမေရဲ့ အသဲစွဲဟင်းရည်ပေါ့၊ ချဉ်ငံစပ်လေးပါ၊ အမျိုးသားလဲ အရမ်းကြိုက်လို့ ခဏ ခဏချက်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
-မှို၊ ပန်းဂေါ်ဖီ၊ ပြောင်းသူငယ်၊ ငရုတ်ပွသီး၊
-စပါလင်၊ ရှောက်ရွက် ၊ ငရုတ်သီး စိမ်း(သို့) ပဒယ် ကော
-ပုဇွန်ကျား ( အခွံမချွတ်မှ ကွေးမသွားမှာပါ)
-တုမ်းရမ်းအနှစ်
-ငုံးဥ( ပြုတ်ပြီးသား)
-နံနံပင်
– ကြက်သွန်ဖြူ၊ နီ
-ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်
ကြက်သွန်ဖြူ၊ နီ ကိုအတုံးလေးများတုံးပြီး စပါလင်၊ အရောင်တင်မှုန့် နဲ့ ဆီသတ်ပြီး ပန်းဂေါ်ဖီ၊ မုန်လာဥနီ ကိုထဲ့လုံးပေးပါ၊
ပြီးရင် တုမ်းရမ်းအနှစ် စားပွဲတင်ဇွန်းသုံးဇွန်း( ဟင်းချိုခွက် ခြောက်ခွက်စာ) ထဲ့ပြီးရေနွေး တစ်လီတာ ခွဲထဲ့ပြီး ပွက်ပါစေ၊ ပွက်ပြီးဆိုမှ နူးလွယ်သော ပြောင်းသူငယ်၊ ငရုတ်ပွသီး၊ မှို ၊ ခရမ်းချဉ်သီး လေးစိတ်ချမ်းလေး များ ကို ရှောက်ရွက်၊ ငရုတ်သီးစိမ်း(သို့) ပဒယ်ကော တိုနဲ့အတူထဲ့ပြီး ခဏအုပ်ထားပါ၊ အိမ်မှာတော့ ငရုတ်သီးစိမ်း ပဲသုံးလိုက်တယ်၊ ခလေး လေးတွေလဲသောက်ရင် လျှာပူပြီးမကျန်စေချင်လို့။
သုံးဖူးသမျှထဲတော့ ဒီ Thai Boy တံဆိပ်လေးကအရသာအရှိဆုံးပဲ
နောက်ဆုံးမှ ပုဇွန်အကွေး ငါးအနွေးဆို သလို ပုဇွန် နဲ့ နံနံပင်၊ ငုံးဥ ပြုတ်ပြီးသားလေးတွေထဲ့ ပြီး ပြီးချင်းမီးပိတ်ပြီး တစ်မိနစ်ခန့် နေရင် ရှောက်ရွက်နံ့အလွန်မွှေးသော ချဉ်ငံစပ်ဟင်းရည်လေးသုံးဆောင်ရပါပြီ။
မီးမီးကြိုက်ကြိုက်…
🙂
city mart ကနေ၀ယ်လို့ရတဲ့..တုမ်းရမ်းအခဲဆိုရင်ကောဘယ်လောက်ထည့်ရလဲမသိဖူး..တခါမှဟင်းမချက်ဖူးလို့ပါ..:)
you can use that one too 🙂
ဟော့ပေါ့လုပ်စားတဲ့အခါ ကြက်ချဉ်စပ်ဟင်းရည်လုပ်နည်းလေး ပြောပြပေးပါလား အန်တီ ကျနော်တို့က ဝတ်သား အမဲသား ရှောင်ထားလို့ပါ