2012 Valentine day ရဲ့ သီးစုံ ထောပတ်ထမင်းကြော်လေးပါ၊ လုပ်ရတာ လွယ်ပြီးစားလို့လဲကောင်းပါတယ်နော်၊ ပြီးတော့ သက်သက်လွတ်အနေလဲစားလို့ရပါတယ်၊ အိသက်ကတော့ ကြက်ဥကြော်နဲ့ ဝက်ဥချောင်းကြော်လေးထဲ့ထားတာပါ။ သတ်သတ်လွတ် အနေနဲ့မစားပါဖြစ်လို့ပါ၊
ပါဝင်ပစ္စည်းများ
– သီးစုံ အတုံးလေးများ ( မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲစိမ်းသီး )
– သီဟိုဠ်စေ့( ကြော်ပြီးသား )
-စပျစ်သီးခြောက်
-ထောပတ်
– ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း
ပထမဦးဆုံး ထောပတ်ကိုထဲ့ပြီး သီးစုံကိုကြော်ပါ၊ သီးစုံကြော်ထဲကို ထမင်းရောပြီးထပ်ကြော်ပါ၊
သီဟိုဠ်စေ့( ကြော်ပြီးသား ) နဲ့ စပျစ်သီးခြောက် . ဆား၊ ကြက်သားမှုန့်၊ တို့ကိုနှံ့အောင် မွှေပေးပါ၊ငရုတ်ကောင်းလေးဖြူးပေးပြီးရင် ရပါပြီ။
ညီမရေ
လည်ဖြစ်နေတာတော့ကြာပြီး၊အခုမှ မန့်လိုက်တာ
အမကိုလေ အီကြာကွေးလုပ်နည်းနဲ့ အီကြာကွေး အစာသွပ်လုပ်နည်းပါသိချင်ပါတယ်
စောင့်နေမယ်နော်
ခင်မင်လျှက်
အမြန်ဆုံးတင်နိုင်အောင်ကြိုးစားပါ့မယ် နော်။ 🙂