နွားနို့ ခဲဟင်း


ဒီဟင်းလေးကစိမ့်စိမ့်လေးနဲ့ အတော်အရသာရှိပါတယ် ၊ အချဉ်ဓာတ်လေး အစပ်လေးပါ ပါတဲ့အတွတ် မအီပဲအလွန်းကောင်းပါတယ်.သတ်သတ်လွတ်ဟင်းတခွက်လဲဖြစ်ပါတယ်

နို့ခဲလုပ်ပုံကတော့ အညာနို့ခဲလုပ်စားမယ်မှာတင်ပြီ:သာ:ပါနော်

နွားနို့ ခဲဟင်းပါဝင်ပစ္စည်း
– နွားနို့ခဲအတုံးလေးများ
– နို့ခဲအရည် ( စစ်ထားတဲ့အရည် )
-ကြက်သွန်ဖြူ၊ နီ၊ ဆား၊ ကြက်သားမှုန့်
-ပဲငပိ ငရုတ်သီးကြော်
-ခရမ်းချဉ်သီး နှစ်လုံး
-ငရုတ်သီးစိမ်း

   

နွားနို့ခဲအတုံးလေးများကို ဆား၊ ကြက်သားမှုန့်၊ ပဲငပိ ငရုတ်သီးကြော်တစ်ဇွန်းတို့နဲ့နယ်ထားပါ၊

ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နီ ကို ဆား၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့် တို့နဲ့ ဆီသတ်ပါတယ်၊

  ၊  

ရွှေဝါရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီးထဲ့ပြီး အသာလေးမွှေပေးပါ.ခရမ်းချဉ်သီးနွမ်းလာရင် နယ်ထားတဲ့ နွားနို့ခဲလေးတွေထည့်၊ ဆား၊ အချိုမှုန့် သင့်သလိုထည့်ပြီး နို့ခဲအရည် ( စစ်ထားတဲ့အရည် )   လောင်းထဲ့ပြီး ငရုတ်သီးစိမ်းလေးတွေထဲ့ပြီးနှပ်ထားလိုက်ပါ။  ဆီပြန်လာပြီဆိုရင် နွားနို့ ခဲဟင်း စပ်စပ်လေး နဲ့ စိမ့်စိမ့်လေးရပါပြီ

Advertisements

2 comments on “နွားနို့ ခဲဟင်း

  1. မအိသက်ပြောတဲ့နည်းအတိုင်း လုပ်စားပြီးသွားပါပြီရှင်အရမ်းကိုစားလို့ကောင်းပါတယ်လွယ်လည်းလွယ်ပါတယ် ကျေးဇူးတင်ပါတယ်:)******

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s