နွားနို့ပြောင်းဖူးထောင်းကြော်
ပုံမှန်ပြောင်ဖူးကို ဒီအတိုင်းကြော်စားကြပါတယ် ။ နွားနို့ လေးနဲ့ဆိုတော့ စိမ့်စိမ့်လေးနဲ့ စားလို့ အင်မတန်ကောင်းပါတယ်၊၊ အိသက်တို့Htetfamily မိသားစုကပ်သမျှ ဘုန်းကြီးဝိုင်းတိုင်း မပါမဖြစ်ပါရတဲ့ ဟင်းပွဲလေးပါ။ အိမ်ရှင်မများလဲနှစ်ခြိုက်မဲ့ဟင်း တခွက်မို့မြည်းကြည့်စေချင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-ပြောင်းဖူး ၂ဖူးစာ
-ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွာ
-ဆားဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-နွားနို့ မတ်ခွက်၁ ဝက်စာ
စက်နဲ့ကြိတ်တယ် ထောင်းတယ်ဆိုတာ စီးစေချင်လို့ပါ
ပထမဆုံး ပြောင်းဖူးကို စက်နဲ့ကြိတ်လိုက်တယ် ပုံမှန်ရန်ကုန်မှာဆိုထောင်းတာပေါ့နော် ဒီမှာတော့မြန်အောင်လို့စက်သုံးလိုက်တယ်၊ စက်နဲ့ကြိတ်တယ် ထောင်းတယ်ဆိုတာ စီးစေချင်လို့ပါနော်
ပြီးရင်ကြက်သွန်နီ၊ ဖြူ ဆီသတ်
ကြက်သွန်နီ၊ ဖြူ ရွှေဝါရောင်သန်းလာရင် ပြောင်းဖူးကိုထဲ့ပါ
ပြီးရင်-နွားနို့နဲနဲ ၊ ဆား၊ ကြက်သားမှုန့်ထဲ့မွှေပြီး အဖုံးခဏအုပ်ပါ . ပြောင်းဖူးနူးပြီး စေးလာပြီဆိုရင်ရပါပြီ
အလွန်အရသာရှိတဲ့ ပြောင်းဖူးကြော်စီးစီးစိမ့်စိမ့်လေးရပါပြီ. ကြက်သွန်နီကြော်ကျွပ်ကျွပ်လေးဖြူးပြီး ထမင်းပူပူလေးနဲ့စားရင်အလွန်မြိန်ပါလိမ့်မယ်။ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ။
အင်မတန်ကြိုက်သော အစားအစာတခုပါ…
thanks so much naw
me too.
Ei Thet yay,today i cooked this with ur recipe,thanks for sharing.pyaung phuu is my favorite.
thanks fri 🙂
thanks a lot sis. 🙂