လမ်း၂၀ ဂဏန်းကော်ကြော် ဆိုတာ အိသက် တို့ ဟိုးငယ်ငယ်လေးတည်းက ရှိတယ်၊ စားလို့လဲ အင်မတန် ကောင်းပဲ၊ အချက်သိရင်လုပ်ရအရမ်းလွယ်ပါတယ် လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်
ပါဝင်ပစ္စည်းများ
-ဂဏန်းသား
-ကော်မှုန့် စားပွဲတင်ဇွန်း ၆ဇွန်း( သုံးချပ်စာ )
-ကြက်ဥ ၃ လုံး ( နာနာခလောက်ထားပါ)
-ရေ
-ကြက်သွန်မြိတ်
-မုန်လာဥဖြူ
-ငရုတ်ဆီ
-ဆား၊ ကြက်သားမှုန့်
ကော်မှုန့်ကိုဆား၊ ကြက်သားမှုန့်နဲ့ ရေနဲ့ ကျဲကျဲဖျော် ထား၊ ဒယ်အိုးအပြားပေါ် ဆီများများထဲ့ ဆီပူလာရင် ကော်ရည်ကိုအိုးအပြည့်လောင်းထဲ့ပါ၊ ကြက်ဥရည်နဲနဲကို အပေါ်ကထပ်လောင်းပြီး ကြော်နေရင်းအသာရောပါ၊ မမွှေပါနဲ့ ၊ ဂဏန်းသားကို ဖြန့်တင်ပြီး ရောကြော်ပါ၊ ဟိုဖက်ဒီဖက် လှန်ပေးပါ ၊ဇွန်းထိပ်လေးနဲ့ဖြတ်ပေးပါ၊အချပ်လိုက်မဖြစ်အောင်လို့ ပါ၊ နှစ်ဖက်လုံး ကျွတ်သွားပြီဆိုရင် ကြက်သွန်မြိတ် လေးဖြူးပြီး မုန်လာဥဖြူ အချဉ်လေးနဲ့ တွဲစားလို့ရပါပြီ
မုန်လာဥဖြူအချဉ်ရည်
အချဉ်ရည်လေးတွေကလဲ ဒီလိုဆီကြော်မုန့်တွေမှာအလွန်အရေးပါ ပါတယ်၊ အအီပြေပြီး အရသာကို ပိုကောင်းစေလို့ လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်
မုန်လာဥဖြူကိုပါးပါးလှီးပြီး ငရုတ်ဆီ၊ ဆား၊ ကြက်သားမှုန့် တို့နဲ့ရောပြီးတွဲစားကြည့်ပါ၊
ma eithet
how many water in add (eg 250 ml or 300 ml). Please advice!! 🙂