လသာလမ်းမြီးရှည်ခေါက်ဆွဲ ကိုအရမ်းကြိုက်ပါတယ်၊ မှတ်မှတ်ရရ ကိုထက် ( ခင်ပွန်း )နဲ့၂၀၀၅တုန်းက ပထမဆုံးအကြိမ် အမျိုးသားပြဇာတ်ရုံ မှာ မြန်မာအမျိုးသမီးများဝတ်စားဆင်ယဉ်မှုပွဲ ကြည့်ပြီးအပြန် ပထမဆုံးစားဖူးတာ၊ အဲဒီနေ့က မှတ်မှတ်ရရပဲ သူ(ကိုယ်အီစီကလီ လုပ်နေသူ) ရှေ့မှာ ကိုယ့်ထိုင်ခုံနံပါတ်ကိုသူများက ဝင်ထိုင်ပြီးထမပေးတဲ့အပြင် ရန်ပြန်လုပ်လို့ ရန်ဖြစ်ပြီးပြန်လုခဲ့တာလေ၊ တော်ပါသေးအဲဒီထဲက သူလန့်ပြီးရှေ့မဆက်ပဲ မနေလို့၊ ခုပြန်မေးတော့ အဲဒီနေ့ကသူ့ဘဝတော့ တသက်လုံး လုံခြုံ ပြီ လို့တွေးမိပါတယ်တဲ့၊ ပြန်စတာလေ ကိုယ့်ကို၊ အဲဒါက အိသက် တို့လင်မယားရဲ့ မြေအိုးမြီးရှည် ဇာတ်လမ်း၊ အဲဒါလေးသတိတရ လုပ်စားရင်း မျှဝေလိုက်ပါတယ်နော်…
မြေအိုးမြီးရှည်-ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
-မြီးရှည်ခေါက်ဆွဲ
– ငါးအသား၊ ကြက်သား၊ ဝက်သား၊ ပုဇွန်၊ ကြက်ဥတိုဖူး၊ ငါးဖယ်ပြားလေးများ
-ကြာစွယ်၊ အရွက်အစုံ၊ မှို၊ ပဲပင်ပေါက် ၊ ပဲကြာဇံ အပြားလေးများ (ရေစိမ်ပြီသား)
-ရှမ်းချဉ်
-ပဲငပိငရုတ်သီးကြော်
-ကြက်သားမှုန့်
မြေအိုးပူလာပြီဆိုရင် ပဲငပိနဲ့ရှမ်းချဉ်ကိုအရင်ထဲ့ပါ
ပြီးရင်ရေနဲ့ ကြက်သားမှုန့် ထဲ့ပြီးပွက်ပါစေ
ကြက်သား၊ ဝက်သားအသားများ အရင်ထဲ့ပြီး ကျက်လောက်ပြီဆိုရင် ပုဇွန်၊ ငါးအသား တို့ထဲ့ပြီး နောက်ဆုံးမှ -ကြာစွယ် ၊ ကြက်ဥတိုဖူး၊ အရွက်အစုံ၊ မှို၊ ပဲပင်ပေါက် ၊ ပဲကြာဇံ၊ မြီးရှည်ခေါက်ဆွဲ တို့ထဲ့ပြီးအဖုံးခဏအုပ်ပြီးရင် အလွန်ကောင်းတဲ့ မြေအိုးမြီးရှည် စားဖို့အသင့်ဖြစ်ပါပြီ၊ အငံဓါတ်ကဲပြီးသားမို့ ဆားလုံးဝမထဲ့တာပါ
ရှမ်းချဉ်ကဘာလည်း? မုန့်ညင်းချဉ်လား