ငယ်ငယ်ကလှည်းတန်းဈေးကလမ်းသရဲ ခေါက်မုန့် ( ရေမုန့်) ကိုအရမ်းကြိုက်ပါတယ်၊ ကျမအမ ဝမ်းကွဲက ဆိုင်က လိုတာလေးတွေ ဈေးမှာနေ့လည်ဝယ်ရင် ကျမက လိုက်သွား စားချင်တာတွေ ဝယ်ကျွေးခိုင်းနဲ့ အလုပ်ကိုဖြစ်နေတာပေါ့။ ဒီ လမ်းသရဲမုန့်ကတော့ ကျမ အမြဲပူဆာတတ်တဲ့ မုန့်တွေထဲက တခုပေါ့။ မဆလာနံ့ သင်းသင်းလေးနဲ့စားလို့အရမ်းကောင်းပါတယ်။
-ဆန်မှုန့် ၁၀ ဇွန်း ( စားပွဲတင်)
-ပဲမှုန့် ၁ဇွန်း (စားပွဲတင်)
-ကြက်သားမှုန့်နဲနဲ၊ ဆား
-ဆိုဒါ ဇွန်းဝက်(အချိုစားဇွန်း)
-dried yeast ဇွန်းဝက် (အချိုစားဇွန်း)
-ဂျင်းရည်နဲနဲ
-မဆလာ
-ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီ ၊ ပဲပြုတ် ၊ငရုတ်သီးစိမ်း၊နံနံပင်
ဆန်မှုန့် ၊ ပဲမှုန့် ကို ဆိုဒါ ဇွန်းဝက်ထဲ့ ၊ dried yeast teaspoon ဇွန်းဝက်လောက်ကို ရေဖျော်ထဲ့ပါ။ အားလုံးကို ရေနွေးနွေးနဲ့ဖျော် ထားပါတယ်။ ၁ နာရီလောက်နေရင် ရေကို ၁လီတာ လောက် ကျဲနေအောင် ထပ်ဖြည့်ကာ မွှေထားပါတယ်။ ဆားအနဲငယ် ၊ကြက်သားမှုန့်နဲနဲ ဂျင်းရည်နဲနဲ ထဲ့ပါ ။ ရေကတော့ တော်တော်ကျဲရပါတယ် ( အဲဒါမှ မုန့်ရည်ကပါးပါးရပါတယ်)
ပါးပါးလှီးထားတဲ့ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊နံနံပင် တို့ ပဲပြုတ် , ဆီ,မဆလာတို့ အဆင်သင့် ပြင်ထားပါ ။ ဒယ်အပြန့်တွင်ဆီသုတ်ပြီး အပူပေးပါ။ မုန့်ရေကိုပါးပါးထဲ့ ။အိုးအလယ်က နေ မုန့်ရည်ကို ကပ်ချရင် မုန့်သားပါးပါး ဝိုင်းဝိုင်း ဒယ်ထဲမှာ ဖြစ်သွားပါမယ်။
ခဏအကြာ အဆာပလာ များထဲ့ ဆီ အနဲငယ် ဖြူးပေးပြီး ၁ မိနစ်အဖုံးအုပ်ထားပါ၊ ပြီးလျှင်မဆလာ အုပ်ပြီ ကျွတ်လာရင်စားလို့ရပါပြီ။ အလွန်မွှေးပြီး စားလို့ကောင်းတဲ့ လမ်းသရဲမုန့်လေးပါ။
မှတ်ချက်- yeast မထဲ့ နိုင်ပါကရောပြီး မုန့်ရည်ကို ၆နာရီ အနဲဆုံးထားပါ။
ရေမုန့်(လမ်းသရဲမုန့်) video click
အစ်မ ကျွန်မ မော်စကို ရုရှားမှာ နေပါတယ် … ဆန်မှုန့်ပါတဲ့ မုန့်တွေလုပ်စားချင်တိုင်း ဆန်မှုန့်မရှိ လို့ အဆင်မပြေဖြစ်ရပါတယ် … ဆန်မှုန့်ကို ဘယ်လို မေးဝယ်ရင် အဆင်ပြေပါမလဲ … ဒီမှာ ကောက်ညှင်းမှုန့်တော့ တွေ့ပါတယ် … အကြံညဏ်လေး ပေးစေလိုပါတယ် … ခင်မင်လေးစားစွာဖြင့် … မိုးဖြူ …
rice flour. if u dont have rice flour. u can use rice. soak the rice with water for overnight, and blend with blender next morning. and u can use it . 🙂
စားချင်နေတာကြာပြီ မသက်ရယ် … recipe အတွက် ကျေးဇူးအများကြီးတင်ပါတယ် ..
ဟုတ်ကဲ့ လုပ်စားကြည့်ပါမရယ် စားလို့အရမ်းကောင်းပါတယ်နော် 🙂
Sis thanks for your generous to share about your recipies to everyone.You are good minded. So your life is so beautiful.
thanks for supporting me. over the moon when i read ur comment 🙂
အစ်မရေ ကျွန်မလုပ်စားကြည့်ဘာတယ် အရသာကကောင်းဘာတယ် ဒါပေမဲ့မုန့်ကမကြွတ်ဘူး ယူလိုက်ရင်အကုန်ပျော့ပြဲကုန်ရော အချပ်လိုက်မရဘူး ဘာလို့လဲသိဘူး . . .
sis yay dont put too much in the pan . it should be really thin and the heat should be medium naw .
🙂
မအိသက်ရေ…အဲဒီလို မုန့်အချိုးအတိုင်း မုန့်ပြစ်သလက် လုပ်လို. ရမလားမသိဘူးနော်… ဟိုတစ်နေ့က ဆန်မှုံ့နဲ့ ပန်ကိတ် မှုံ့ နဲ့ ရောလုပ်ကြည့်တာ အဆင်မပြေဘူး သိလား…. ဟီးဟီး…
မုန့်လုပ်နည်းလေးရှိရင် တင်ပေးပါအုန်းနော်….. ကျေးဇူးပါ..
မုန့်ပြားသလက်က ဆန်ချည်းပဲလုပ်ရမှာ 🙂
website ကအ၇မ်းကောင်းပါတယ်၊suscribe ကို subscribe လို. ပြောင်းလိုပါတယ်
Hi Ma Ei,
I try to make two time,1st time is too salty.But got good experience.2nd time made come out perfectly,I put the sliced “shout yuat” Taste so good.Tanks you,Tanks you,Tanks you,
Thanks Ama.