စကော့ဈေးနားမှာနေသူ ပီသစွာပဲ ဈေးက အစားအစာတွေကိုအရမ်းကြိုက်ပါတယ် ၊ ညနေစောင်း ဆိုအိမ်မှာ အဆာပြေ စားဖို့ စဉ်စား ကြရင် စကော့ဈေး ကမုန့်အများဆုံးဖြစ်နေတတ်ပါတယ်၊ အဲဒီထဲကမှ တရုတ်မကြီးရောင်းတဲ့ ကြာဇံကြော် ဝက်သားတုတ်ထိုးကတော့အိမ်မှာပေါ်ပြူလာ အဖြစ်ဆုံး၊ ဒီလိုအိမ်နဲ့ ဝေးနေရတော့ ပိုလို့ လွမ်းမိတယ်၊ အလွမ်းပြေ ဝက်သားတုတ်ထိုး နဲ့ ကြာဇံကြော် လုပ်စားပါတယ်။ ဝက်သားတုတ်ထိုးကတော့ လူစုံမှ လုပ်စားရတာ ပိုအရသာရှိတာမို့အိုးကြီးချက် အချိန်အဆကို လွယ်ကူပြီး အရမ်းလဲစားကောင်းတဲ့ နည်းမို့ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ ( ၂၀- ၃၀ ယောက်စာ)
– ၀က်အစုံ ( နားရွက် 6ခု၊ အမြီး- ၅ ခု ၊ ကလီစာ၊ အသဲ ၊ကျောက်ကပ်၊ အူချို၊ အူမ၊လျှာ = ၁ကီလိုခွဲ စီ ၊ အသား – တစ်ကီလို) လန်ဒန်မှာရနိုင်တာများပါ။
-ပျားရည် ၅၀ ဂရမ် ( အစား သကြားကိုပိုသုံးနိုင်ပါတယ်)
-သကြား ၅၀ ဂရမ်
– five spices powder (တရုတ်မဆလာ )စားပွဲတင်3 ဇွန်း
– ginger paste စားပွဲတင် ၈ဇွန်း
-သစ်ဂျပိုး – ၅ခု
-နာနတ်ပွင့် ၃-၄ ခု
-ခရုဆီ – စားပွဲတင်ဇွန်း ၁၂ဇွန်း
-ပဲငံပြာရည် အနောက် – စားပွဲတင်၂၀ ဇွန်း ( ၂၅၀ မီလီခန့်)
ဝက်အူများလှန်လှောပြီးဆေးကာ ကလီစာများကို သန့်စင်ထားပါ။ ဂျင်း၊ ပျားရည်၊ ပဲငံပြာရည်၊ ဆား၊ အသားမှုန့်တို့ဖြင့်နယ်ထားပါ။
ဆီပူတွင်သကြားချည်းများများထဲ့ရဲလာအောင် ကြော်ပါ။ သကြားများစီးကပ်လာပြီး ရဲလာရင် ကျောက်ကပ် နဲ့ ဝက်အသား ကလွဲပြီး ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နီရဲလာပါမယ်နော်။
ကြော်ပြီးလို့ရဲလာရင် ဝက်အစုံ ( ကျောက်ကပ် နဲ့ ဝက်အသား) ကလွဲရင် အကုန်ရောပြုတ်လို့ရပါပြီ၊ ဘာလို့လဲဆိုတော့ အသား ကျန်တာတွေနူးခါနီးမှ ရေထပ်ထဲ့ပြီး ပြုတ်ပါမယ်၊ အစ ကတည်းကပြုတ်ရင် နူးလွန်းပြီး ကြေကုန်မှာမို့ပါ။ကျောက်ကပ် ကတော့သူနဲ့ အတူရောပြုတ်ရင် အကုန် နံကုန်မှာ ဆိုးလို့ပါ။
ဒီတော့ ကျောက်ကပ်လေးကိုမနံအောင်ဘယ်လို ပြုတ်ရလဲပြောပြမယ်နော် ၊အိသက် အမေ ( (လှည်းတန်း-အင်းစိန်) ဓနုဖြူ – ဒေါ်စောရီ ဆိုင် ) ရဲ့နည်းလေးပါနော်၊ ကျောက်ကပ်ကို ရေစင်စင် ဆေးပြီး ဂျင်း ၊ ရှာလကာရည် ၊ (ဝက်သားတုတ်ထိုးအတွက်ဆိုတော့five spices powder လေးနဲနဲရယ်၊ သစ်ဂျပိုးခေါက်လေး ရယ် ) ရောပြုတ် ၊ကျက်ရင် အရည်တွေ သွန်ပစ်လိုက်ပါ၊ ပြီးမှ ခုနက ပြုတ်ထားပြီသား ဝက်အစုံနဲ့ ရောပေးပါ။ အားလုံးနူးအိလာကာနီးရင် ကြက်ဥပြုတ်လေးတွေ အခွံခွါပြီးသားလေးတွေပါ ရောပြီ ၅မိနစ် လောက် ထပ်ပြုတ်ပြီရင် ရပါပြီ၊ အရသာရှိတဲ့ကြက်ဥညိုညိုလေးတွေရလာပါမယ်။ ခရုဆီနောက်ဆုံးမှာရောမွှေပေးလိုက်ပါ။
အိသက်ကတော့ electric pan ထဲ အကုန်လှီးပြီးစီထား ပြုတ်ရေလေးနဲ့မီးလျှော့ပြီးတည်ထားလိုက်ပါတယ်၊အချဉ်လေးတို့ပြီး ပူပူလေးစားကြည့်ပါနော်၊
အချဉ်ရည်လေးကလွယ်ပေမဲ့ရေးပေးမယ်နော်
ထန်းညက်ခဲ ၂ ခဲလောက်ကိုပျစ်ပျစ်ကျိုပြီး မကျည်းရည်ထဲသို့ ထည့်ပါ။
ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆား တို့ကို ညက်အောင် ထောင်းပြီးထည့်ပါ။ ထို့နောက် ငံပြာရည်နှင့်ငရုတ်ဆီ အချဉ်တို့ကို အသင့်အတင့်ထည့်ကာ နှံ့အောင် ရောမွှေပြီးလျှင် ဝက်သားတုတ်ထိုး အတွက် အချဉ်ရည်လေး ရပါပြီရှင်။
ကြာဇံကြော်လေးကလဲအရမ်းလွယ်ပါတယ်
ဂေါ်ဖီပါးပါးလှီးထားတာရယ် မုန်လာဥနီပါးပါးလှီးထားတာရယ်ကို အရင်ကြော်ပြီး ရေစိမ်ထားပြီးသားကြာဇံကိုရောပြီ ကြော်ပါ ၊ကြာဇံနူးဖို့ ရေတောက်မဲ့အစား ခုနကဝက်သားတုတ်ထိုး ပြုတ်ရေလေးထဲ့ကြော်ပါ။ အလွန်အရသာရှိတဲ့ စကော့ဈေး ကြာဇံကြော် ဝက်သားတုတ်ထိုး လေးရပါပြီ
looks delicious 🙂
next time when you will come to London, I will make it for you. 🙂
wanna eat now..:(
thanks ma hsu yay..
အိသက်ရေ ..
လူအရောက် 20စာလောက်ဆိုလျင် ဘယ်လောက်အတိုင်းအတာ ထည့်ရမလဲဟင်? thanks.
မဆုရေ ဘယ်ဟာကိုပြောတာလဲဟင် ဝက်သားတုတ်ထိုး လား ?
ကြာဇံလား?
both ei thet yay…:)
မရေ
ကြာဇံ ready made ၄၀၀ဂရမ် အထုပ်ကြီး လေးထုပ်
– ၀က်အစုံ ( နားရွက် 6ခု၊ ကလီစာ၊ အသဲ ၊ကျောက်ကပ်၊ အူချို၊ အူမ၊လျှာ = ၂ကီလို စီ အသား – တစ်ကီလို)
-ပျားရည် – စားပွဲတင်ဇွန်း၁၂ဇွန်း( ၄ဆထဲ့)
– five spices powder စားပွဲတင်ဇွန်း၈ဇွန်း
-သစ်ဂျပိုး – ၅ခု
-ခရုဆီ – စားပွဲတင်ဇွန်း ၆ဇွန်း( လေးဆ)
-ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၆ဇွန်း( လေးဆ)
ဒါ အိသက်အိမ်မှာ လူအယောက် ၂၀ကြော် ကျွေးတုံးက အချိုး နော်။လောက်တယ်၊ မဧည့်သည် တွေကပို အစားကြီးရင်တော့ပြောတတ်ဘူးနော်
thank you so much…
သစ်ဂျပိုး and nutmeg are same amount?
yes . ma. they r more for smell than taste.
ei thet yay.., okie…many many thanks for your reply. i showed to ko zayar and he said that all are delicious and he wanna all eat now, especially “kaw kyaw” ( his favourite food). you should open restaurant in london.
thanks a lot ma hsu yae. of course , ko zayar likes it cos this one was introduced me by ko gyi myat thu.
ဂွီ! သရေကျလာဘီ.. ဒီ Weekend ကျရင် လုပ်စားကြည့်ဦးမယ်..
ဟုတ်ကဲ့ရှင့်။ လုပ်စားပြီးရင် အဆင်ပြေလား ပြောပြပါဦးနော်
Ma Ei Thet,
I add white garlic to sauce & tamarind, more nice.
Thank you for your method, I will try.
Phyu Phyu
thank u phyu 🙂
မေ၇ ၀က်ကလီစာတွေ လန်ဒန် ဘယ်နေ၇ာတွေမှာဝယ်လို့၇လဲ ဆိုတာ မ အား၇င် အကြောင်းလေပြန်ပေးပါနော် တခါမှအစုံမ၀ယ်ဖူးလို့
nyi ma hoo hing chinese shop mar ya tae.
ကျေးဇူးပါ အမြဲအားပေးနေမယ်နော်
thank you 🙂
အရမ်းကြိုက်…
thank you naw 🙂
ma ei thet yae, what is the total wt of wat-a-sone in your recipe? please let me know.. thank you 🙂
ဝက်အစုံ ဆို ညီမ ကြိုက်ရာ ဝက် နဲ့ပတ်သက်တဲ့ အူ၊ အသဲ စတဲ့ ကလီစာ တို့ နားရွက် တို့ကိုပြောတာပါ။ 🙂
a ma yay..sorry par.. wanted to know the total weight of meat.. 🙂 didn’t ask clearly.. sorry naw ma.
– ၀က်အစုံ ( နားရွက် 6ခု၊ ကလီစာ၊ အသဲ ၊ကျောက်ကပ်၊ အူချို၊ အူမ၊လျှာ = ၂ကီလို စီ အသား – တစ်ကီလို)
thanks a lot ma yay.
ကြာဇံက ဘာတံဆိပ်လဲ အမရေ အထုပ်ပုံလေးပါတင်ပေးပါလား ကျေးဇူးပါ
ညီမရေကျေးဇူးပြုပြီးfive spices powder &nutmeg powder ကိုပုံရိုက်တင်ပေးပါလားရှာဝယ်လို.လွယ်အောင်။ကုလားဆိုင်မှာfive spices powder မေးကြည်.တာမသိဘူးဖြစ်နေလို.။ဖာလာစေ.၊သစ်ဂျပိုးတို.၅မျိုးကြိတ်ထားတဲ.ဟာကိုပြောတာလား။မျှော်နေတယ်နော်။
ကျေးဇူးတင်လျှက်
ma moe moe oo, a ma yay, five spices powder is usually sold in chinese food.. (tayote-masalar), you can find nutmeg in many supermarkets at baking aisle..not necessarily in asian supermarket a ma.. a chin chin thi dar lay pyaw pya dar naw ma.. 🙂
thanks for replying for me su yay. somtime i missed the comments 🙂
Hi Ma, could you show how to cook frogs? Eatible frogs of course. I have got some frogs from a supermarket and don’t know how to cook them. Curry or crispy fried, could you please show how to cook? Thanks. Mya Nu
ညီမရေ..လုပ်စားပြီးပြီ..အစဉ်ပြေလို့..စားရင်းမေတ္တာပို့တယ်နော်..ရရဲ့ဟုတ်လား..ကျေးကျေးပါကွယ်..တူသောအကျိုးပေးပါစေ..
ပေးတဲ့ဆုနဲ့ပြည့်ပါစေမရေ 🙂
ama, I cant find five spices powder ..what should i use instead of five spices powder??Thank you per ama
then dont put that one nyi ma , pls use cinnamon bark and star anise 🙂 find it in google 🙂
အမအိသက်ရေ ညီမ မောင်လေးတယောက်က လုပ်နည်းသိချင်လို့ လင့်ခ်လေးပေးလိုက်ပါတယ်နော် အမ လုပ်နည်းလေးအတွက်ကျေးဇူးပါရှင့်
thanks a ma 🙂
Hi Eithet, for 3000 persons please let me know ratio of ingredients.( for Donation at Thingyan )
Thanks,
Phyu Lay
can I use rice cooker instant of electric pan?
sure u can 🙂