လသာ၂ ကျောင်းရှေ့မှာအမြဲစားဖြစ်တဲ့ မုန့်လင်မယားအလွမ်းပြေလေးပါ၊ အိုးလေးကတော့ Singapore ကသူငယ်ချင်း အမတယောက် မမီးမီးမြင့်သိမ်း က လက်ဆောင်ပေးတာပါ၊ လုပ်ရတာအရမ်း လွယ်ပါတယ်၊
ပါဝင်ပစ္စည်းများ:
– ဆန်မှုန့်: စားပွဲတင်ဇွန်း ၆ ဇွန်း
– ကောက်ညင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
-ပဲမှုန့် စားပွဲတင်း ၁ဇွန်း
– ဂျင်းရည်နဲနဲ
– ကြက်သွန်မြိတ်
– စားတော်ပဲပြုတ်
– ငုံးဥ
– ဆား၊ သကြား၊ ဟင်းခတ်ကြက်သားမှုန့်အနည်းငယ်၊ ဆီ
ဆန်မှုန့်၊ ကောက်ညင်းမှုန့်၊ ပဲမှုန့်, ဂျင်းရည်နဲနဲ၊ ဆား၊ သကြား၊ ဟင်းခတ်ကြက်သားမှုန့်တွေအားလုံး ပျော်ဝင်သွားအောင်ရေနဲ့ ဖျော်ပေးပါ။ မုန့်သား ကြွက်မြီးတန်း ခပ်ကျဲကျဲရရင် စလုပ်လို့ရပါပြီ၊ ကြက်သွန်မြိတ် လေးတွေပါးပါးလှီးထားပါ၊
မုန့်မကပ်ရအောင်လို့ မုန့်လုပ်မယ့်အိုးကို ဆီနဲ့ အရင် သုပ်ပေးထားပါ၊ ဆီကျတ်ပြီဆိုရင် မုန့်ရည်တွေကို အိုးထဲကနေ မွှေခပ်ပြီး မုန့်အိုးလေးထဲ တစ်ခွက်ချင်းဖြည့်ပေးပါ။
ပြီးရင် ကြက်သွန်မြိတ်နဲနဲ၊ပဲပြုတ်နဲနဲထည့်ပေးပါ။ မီးအပူရှိန်နဲ့ အောက်က မုန့်သာကျက်လာပြီ ဆိုရင်တော့ ဇွန်းနဲ့ မုန့်တွေ ခွာယူပြီး မုန့်နှစ်ခုကို တစ်ခုပေါင်းပြီး အပေါ်ကနေ ထပ်ပေးလိုက်ပါ၊ ငုံးဥလေးကြိုက်ရင်ထဲ့ပါ၊ ပူပူလေးနဲ့ အလွန်အရသာရှိတဲ့ မုန့်လင်မယားလေး ရပါပြီ။
* နှမ်းထောင်းလေးက တော့ နှမ်းကိုလှော် ပြီရင်ထောင်းပြီးဆားလေးနဲ့ရောလိုက်ရင်ရပါပြီ၊ ဒီက နှမ်းထောင်းလေးကတော့ အိသက်ရဲ့ သားကလေးထောင်းပေးတာပါ
looks so yummy !!!
thank u:)
May i know how many cup of water? It is missing in the ingredients list.
ရေက နဲနဲချင်းထဲ့ဖျော်ပြီး ကြွက်မြီးတန်းလောက်ရရင် အဆင်သင့်ဖြစ်ပြီ 🙂
အရမ်းကြိုက်တယ် မရေ… ကြည့်ရင်းကို သရေကျလာတာ…
🙂
အမရေ… ပိတ်ရက်တုန်းက အမပြောတဲ့ အချိုးအတိုင်းလုပ်စားဖြစ်တယ်… အိုးကတော့ cupcake အိုး အသေးလေးနဲ့ လုပ်တာ.. မုန့်သားက သိပ်မကျက်ချင်ဘူး၊ ပြီးတော့ အောက်ကလည်း အမလို နီပြီးမကြွပ်ဘူး.. မဲမဲလေးပဲ ဖြစ်သွားတယ်… အမလုပ်ထားတာလေးက ကြွပ်ကြွပ်လေးနော်… နောက်တခါ ထပ်လုပ်စားကြည့်အုံးမယ်.. ဆီများနည်းလို့လားမသိဘူးနော်..
အိုးကဆီဝမှကောင်းတာညီမရေ ထပ်လုပ်ကြည့်ပါအုန်းနော် 🙂
အမရေ… အိုးကို singapore မှာဘယ်နားကဝယ်လဲဆိုတာ လက်ဆောင်ပေးတဲ့ အစ်မကိုမေးပေးလို့ ရရင် မေးပေးပါလားနော်… သမီး အိုးလိုက်ရှာနေတာကြာပြီ တွေ့သေးဘူးဖြစ်နေလို့ နော် ကျေးဇူးပါမမ. မမရဲ့ ချက်နည်းလေးတွေအမြဲအားပေးလျက်ပါ… ဘုန်းကြီးဆွမ်းကပ်ရင်လဲ ဒီကပဲကြည့်ရတာ 🙂
hote may payy mae naw 🙂
sis yay, mustafa mhar tae . sorry for late reply 🙂
မရေ လူ၁၀ယောက်စာလောက်ဆို ဆန်မှုန့်၊ ကောက်ညင်းမှုန့်၊ပဲမှုန့် ဘယ်လောက်လိုလဲဟင်။ အချိုးလေးပြောပြပါ။
make it 5 times of this ratio naw nyi ma lay 🙂
Hi Ei,
I have only egg poacher pot. Can I use that one instead of proper molinmayar pan as can’t find that pot.
Thanks.