မြန်မာမုန့်များ

မန္တလေးနန်းကြီးသုတ်(ခ) ကြာဇံကြီးသုတ်

မန္တလေးနန်းကြီးသုတ်(ခ) ကြာဇံကြီးသုတ်


နန်းကြီးသုတ် အိသက်အဖေက နန်းကြီးသုတ်အလွန်ကြိုက်ပါတယ် အိမ်မှာအဖေခဏခဏ မနက်စာအဖြစ်စားတာမြင်ဖူးပေမဲ့ အိသက်က နန်းကြီးခေါက်ဆွဲ ကိုမကြိုက်တဲ့ အမှုနဲ့သိပ်မစားဖြစ်ခဲ့ပါ။ အဖေဒီတခေါက် လန်ဒန်လာတော့ သူကြိုက်တာလေးတွေစုံစုံလင်လင် လုပ်ကျွေးဖြစ်ခဲ့ ရင်း ကိုယ်ကိုတိုင်လဲ ရှားပါးတဲ့နေရာရောက်နေလို့ထင်ပါရဲ့ နန်းကြီးသုတ်ကိုလဲ အရမ်းကြိုက်သွားလေသတည်းပေါ့နော်။ ဒီတခါလုပ်ဖြစ်တာကတော့ အော်ဒါအတွက် လုပ်ဖြစ်သွားတာပါ။ ကိုထက်မေမေ ပေးတဲ့နည်းလေးပါ။ အော်ဒါအတွက်ဆိုတော့ ဓာတ်ပုံသေချာမရိုက်လိုက်ရဘူး။ ဒါပေမဲ့ အသေစိတ်ရေးပေးလိုက်ပါတယ်နော်။ ပါဝင်ပစ္စ္စည်းများ(လူ၎ယောက်စာပဲရေးပေးမယ်နော ) -ကြက်သား၁ကောင် -ကြက်သွန်၁လုံး၊ ဖြူ၃မွှာ -ငရုတ်သီးလှော်မှုန့်၂ဇွန်း(စားပွဲတင်) -အရောင်တင်မှုန့်၂ဇွန်း -ငံပြာရေ ၁ဇွန်း -ကြက်သားမှုန့်၁ဇွန်း -ဆန်ခေါက်ဆွဲခြောက်အပြားကြီးကြီး -ပဲမှုန့်လှော်(ပဲမှုန့်ကောင်းမှစားကောင်းမှာမို့ မွှေးပဲမှုန့်စစ်စစ်ရရင်ပိုကောင်းပါတယ်) -ကြက်ဥပြုတ်၂လုံး -နံနံပင် -ပဲပင်ပေါက် -နန်းကြီးခေါက်ဆွဲ(udon) ကြက်သားကို အသားနဲ့အရိုးနွင်ကာ အရိုးကို ကြက်သွန်ဖြူဓားပြားရိုက်ပြီးပြုတ်ကာ ငရုတ်ကောင်းဖြူးထားပါ။ ကြက်သွန်ဖြူနဲ့ အနီထောင်းထားတာများကို ဆီများများနဲ့ ငရုတ်သီးလှော်မှုန့်၂ဇွန်း(စားပွဲတင်)၊ အရောင်တင်မှုန့်၂ဇွန်း(စားပွဲတင်) တို့ဖြင့် ဆီသတ်ပါ။ […]

About these ads
ကြာဇံဟင်းခါး၊ ရှောက်သီးသုတ်

ကြာဇံဟင်းခါး၊ ရှောက်သီးသုတ်


ကြာဇံချက်၊ ရှောက်သီးသုတ် ဒါလေးက ပြီးခဲ့တဲ့စနေနေ့က လုပ်စားတဲ့ကြာဇံချက်လေးပါ။ ကုလားဈေးမှာရလာတဲ့ ရှောက်သီးအသေး၃လုံးကလဲ ရှိနေတော့ အတော်ပဲဖြစ်သွားပါတယ်။ ပါဝင်ပစ္စည်းများ(လူ၇ယောက်စာ) -ကြာဇံ၁ထုပ် -ကြက်တကောင် -ကြက်အသား၂၀၀ ဂရမ် -ပဲခြောက် -ပန်းခြောက် -မှိုခြောက် -ငုံးဥပြုတ် -ငါးဖယ် -ငံပြာရည်၃ဇွန်း(စားပွဲတင်) -ဆား၊ ကြက်သားမှုန့်၎ဇွန်း(စားပွဲတင်) -ကြက်သွန်နီ၁လုံး၊ ဖြူ ၄မွှာ -ဆနွမ်းနဲနဲ၊ အရောင်တင်၁ဇွန်းခွဲ ကြာဇံ၊ ပဲခြောက် ၊ပန်းခြောက်၊ မှိုခြောက်တို့ကိုရေစိမ်ထားပါ။ ကြက်သားကိုအတုံးလေးများတုံးထားပါ။ ဆား၊ ကြက်သားမှုန့်၂ဇွန်းတို့နယ်ထားပါ။ ကြက်သွန်ဖြူ၊ နီ ကို ဆနွမ်း၊ အရောင်တင်မှုန့်တို့ကို ဆီသတ်ကာ ကြက်သားထဲ့လုံးပါ။   ကြက်သားကျက်လို့ဆီပြန်ပြီဆိုရင် ရေ၂လီတာခန့်ထဲ့ပြီးပွက်ပါစေ။ ပွက်လာရင် ဆား၊ ကြက်သားမှုန့်၂ဇွန်း၊ ငံပြာရည်၃ဇွန်းတို့ထဲ့ပါ။ ပြီးရင် ready made ငါးဖယ် ထဲ့ပါတယ်။ ရေစိမ်ထားသောပဲခြောက် ၊ပန်းခြောက်၊ […]

မုန့်နှပ်(ခ)မုန့်ကျွဲသည်း

မုန့်နှပ်(ခ)မုန့်ကျွဲသည်း


မုန့်ကျွဲသည်း မုန့်လက်ဆောင်းလုပ်တိုင်းမုန့်ကျွဲသည်းလုပ်ဖို့သတိရပါတယ်။ အရမ်းလဲကြိုက်တဲ့အတွက်လုပ်မယ်ဆိုပြီး အားခဲထားတာကြာပါပြီ။ ခုတော့သက်သက်ကိုလုပ်စားဖြစ်သွားတာပါ။ ဒီမုန့်လေးကလုပ်ရတာ သိပ်ကြာတတ်တဲ့အတွက် ကျမက အဆင့်တဆင့်ကျော်ပေးထားပါတယ်နော်။ မွှေရတာအချိန်နဲသွားတာပေါ့လေ။ သက်သာစေရန်ရည်ရွယ်ပါတယ်နော်။ ပါဝင်ပစ္စည်းများ -ဆန်မှုန့်၁ခွက်(ဆန်ချိန်ခွက်) -ဆားဇွန်းဝက်(အချိုဇွန်း) -ထန်းညက် ၅ခဲ -ထုံးဇွန်းဖျား(အချိုဇွန်း) -အုန်းသီးခြစ်များ ထုံးကိုရေ၁လီတာခန့်ထဲ့စိမ်ပါ။ အနယ်ထိုင်ရင် ရေအကြည်ကိုခပ်ထားပါ။ ထန်းညက်ကိုရေဖျောထားပါ။ ဆန်မှုန့်ကိုရေ၁မှတ်ထိထဲ့ပြီး ထမင်းချက်သလိုချက်ပါ။(မွှေရတာသက်သာစေရန်) ပြီးရင် ကျက်သွားပြီးသားမုန့်သားများကို အိုးထဲကိုဇကာစစ်ချပြီး ထဲ့ပါ။ ထုံးရေကြည်ကိုထဲ့ကာကျိုပါ။ ထန်းညက်ရေ၊ ဆားတို့ထဲ့ပြီးအဆက်မပြက်မွှေပေးပါ။မိနစ်၄၀လောက်မွှေပေးရပါမယ်။  ထန်းညက် မုန့်သားများလုံးလာပြီး ပျစ်ခဲလာရင် ဆီသုတ်ထားသော ဘန်းထဲ ထဲ့ပြီးအအေးခံထားပါ။ အေးပြီးခဲသွားရင် အုန်းသီးခြစ်များဖြူးကာ စားသုံးနိုင်ပါပြီ။

ရေစိမ်ခေါက်ဆွဲ(သို့)ရှမ်းခေါက်ဆွဲ

ရေစိမ်ခေါက်ဆွဲ(သို့)ရှမ်းခေါက်ဆွဲ


ဒီနေ့ အလုပ်နားတယ်။ အိမ်မှာတော့မနားအောင်ချက်ရမဲ့နေ့ပါ။ မနက်ကိုယ်အိမ်မှာရှိရင်ယောက်ျားကို ဖွယ်ဖွယ်ရာရာလေးကျွေးချင်ပါတယ်။ ဟိုတနေ့ကအမအလတ်နဲ့စကားပြောတော့ သူက သူတို့မိသားစုအိမ်ထောင်သက်တလျှောက် အမေမပါပဲသွားတဲ့ ခရီးဖြစ်တဲ့ မမကြီးရှိတဲ့လားရှိုးသွားတောလားအကြောင်းပြောကြပါတယ်။ ဒါတောင် ပြန်လာတော့ အမေ့ရဲ့ နှုတ်ခမ်းလေး၂တောင်လောက်စူထွက်နေတာ ၃ရက်လောက်ခံလိုက်ရပါတယ်တဲ့။ အမေက သားသမီးတွေခရီး သွားရင်သူပါလိုက်ပြီး ဘာဝယ်ဝယ် ဘာစားစားအကုန် လိုက်ရှင်းချင်တဲ့စိတ်နဲ့ပါ။ ကိုယ့်ဘာသာတွေးမိပါတယ်။ ဒါမျိုးကို လုံးဝမညင်းတတ်တဲ့ ငါကအမေနဲ့အဝေးမှာနေရတယ်လို့လေ။ အဲဒီအကြောင်းတွေပြောကြရင်းနဲ့ မမလေးက ငါလမ်းမှာဘာဝယ်စားစားနင့်ကိုသတိရတယ် ညီမလေးရယ်တဲ့။ ဪတို့မိသားစုနယ် လွမ်းတာတောင် အစားအသောက်နဲ့မှ လွမ်းရတယ်လို့ တွေးပြီရီချင်မိသေးတယ်။ သူက ဒီ ရှမ်းခေါက်ဆွဲ(သို့) ဆန်ဖွယ်ခေါက်ဆွဲ (သို့) ရေစိမ်ခေါက်ဆွဲအကြောင်း ပြောမိတော့ မစားရတာလဲအတော်ကြာပြီးဆိုပြီး ဒီနေ့မနက် မနက်စာလေးပါ။ ဆန်ခေါက်ဆွဲကို အလုံးလေးတွေမရလို့အပြားသေးသေးပဲ ဝယ်လာပါတယ်။ Rice stick နဲ့မတူဘူးနော်,rice noodle ကတကယ့်ရေစိမ်ခေါက်ဆွဲအရသာအတိုင်းပါပဲ။ ပါဝင်ပစ္စည်များ( ၅ပွဲစာ) ကြက်သားဟင်းချက်ရန် […]

မုန့်လုံးကြီးကြော်

မုန့်လုံးကြီးကြော်


မုန့်လုံးကြီး အုန်းသီးနဲ့လုပ်တဲ့မုန့်မှန်သမျှကိုကြိုက်တာဆိုတော့ မုန့်လုံးကြီးကြော်ကိုလဲအရမ်းကြိုက်ပါတယ်။ လုပ်နည်းလေးလဲ လွယ်ပါတယ်နော်။   ပါဝင်ပစ္စည်းများ -ကောက်ညင်းမှုန့်၅ဇွန်း(ဟင်းချက်ဇွန်း) -ဆန်မှုန့်၂ဇွန်း(ဟင်းချက်ဇွန်း) -ဆားနဲနဲ -သကြား၁ဇွန်း(ဟင်းချက်ဇွန်း) -အုန်းသီးဖတ် ၁ခွက်(ဆန်ချိန်ခွက်) သကြားများများနဲ့အုန်းသီးကို ဒယ်ပေါ်တင်ကာ ရေမပါပဲ လှော်လိုက်ပါတယ်။ ရေမပါအခြောက်ဆိုတော့ ကျွတ်ကျွတ်လေး ဖြစ်နေပါတယ်။ ရေပါရင်မုန့်ထဲထဲ့လုံးရာမှာ မုန့်နှစ်တွေရေပျော်ပြီး ဌာပနာ မလုံမှာစိုးလို့ပါ။ ကောက်ညင်းနဲ့ဆန်မုန့်ကို နယ်ထားပြီ ၂နာရီခန့် မုန့်သားပေါက်အောင်ထားလိုက်ပါ။ ပြီးမှမုန့်သားကို လက်ပေါ်တင်ပြားလိုက်ပါ။ အုန်းယိုကို အလယ်မှာ ဌာပနာထဲ့ပြီးလုံးလိုက်ပါ။   ဆီပူတွင် မြုတ်အောင် မီးအေးအေးနဲ့ကြော်လိုက်ပါ။ မုန့်သား နီရောင်သန်းရင်ဆယ်လို့ရပါပြီ။  

ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ်

ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ်


ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ် သူငယ်ချင်း ဂျူလိုင် စားချင်တယ်ဆိုလို့လုပ်ကျွေးရတာပါနော်။ လုပ်စားတဲ့နေ့မှာပဲ အထူးဧည့်သည်များလဲရောက်လာပါတယ်။ ရန်ကုန်မှာဆိုရင် အိသက်မမကြီး ခဏခဏဝယ်လာတတ်တာပါ။ ဗဟန်းရေတာရှည်လမ်းပေါ်က ဗမာမိသားစုရောင်းတဲ့ ကြက်သားပဲရည်သုတ်က သန့်လဲသန့်ပြီးစားလို့လဲ အလွန်ကောင်းပါတယ်။ ရောင်းတဲ့အမ ကိုယ်တိုင်ကလဲ သနပ်ခါးလေးနဲ့သန့်သန့်လေးရယ်။ တော်တော်စားလို့ကောင်းပါတယ် ရှူးရှူးရှဲရှဲပေါ့။ ပါဝင်ပစ္စည်းများ -ကြက်သား၁ကောင် -တခြားကြက်အစိတ်အပိုင်းများ -ဆနွမ်းမှုန့်၂ဇွန်း(စားပွဲတင်) -ပဲမှုန့်၂ခွက်(ဆန်ချိန်ခွက်) -Gram မဆလာ၅ဇွန်း(စားပွဲတင်) -ဂေါ်ဖီ၁လုံး -ငရုတ်သီးစိမ်း ၁၀ တောင့် -ကြက်သားမှုန့် -ပူစီနံ -ငရုတ်သီးမှုန့် -ငံပြာရည် -သံပရာသီး ပဲမှုန့်ကိုရေလီတာဝက်စိမ်ထားပါ။ ကြက်သားကိုလေးခြမ်းတုံးကာ ကြက်သားမှုန့်၂ဇွန်း၊ မဆလာ၂ဇွန်း၊ ဆနွမ်းမှုန့်၂ဇွန်းထဲ့ ပြီး တခြားကြက်အစိတ်အပိုင်းများပါထဲ့ကာပြုတ်ထားပါ ။ကြက်အသဲကိုအရမ်းမမာအောင်နောက်ဆုံးမှထဲ့ပါတယ်.    ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။ ငရုတ်သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။   ပဲကျိုရန် ပဲရည်ဖြေးဖြေးချင်းလောင်းထဲ့ပြီးကျိုပါ။ ရေ၁လီတာခန့်ထပ်ထဲ့ပါ။ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ မဆလာ […]

အုန်းမှန်ကူ

အုန်းမှန်ကူ


အုန်းမှန်ကူ ဒီရက်ပိုင်းတော့အချိုမုန့်တွေပဲလုပ်စားမိနေတယ်။ ဒီနေ့ အုန်းမှန်ကူ လုပ်စားဖြစ်ပါတယ်။ လွယ်လွယ်လေးပါ။ ပါဝင်ပစ္စည်းများ -သကြား ၂ခွက်(ဆန်ချိန်ခွက်) -အုန်းသီးဖတ်၂၀၀ ဂရမ် -အုန်းသီးမှုန့်၁ဇွန်း(စားပွဲတင်) -ဆား နဲနဲ သကြားကိုရေဖြင့်ဖျော်ပြီကျိုပါ။ သကြားရေ ဆူလာရင် အုန်းသီးများထဲ့မွှေပါ။   စေးလာပြီဆိုရင် ဆီသုတ်ထားသော ဘန်းထဲလောင်းပြီအအေး ခံပါ။ မုန့်များမအေးခဲမီ နှစ်သက်ရာပုံများလှီးထားပါ။ အေးသွားရင် အုန်းမှန်ကူ ချိုချိုလေး များရပါပြီ။

မုန့်ဦးနှောက်

မုန့်ဦးနှောက်


မုန့်ဦးနှောက် ဗမာမုန့်တွေထဲက အကြိုက်ဆုံးမုန့်လို့ပြောလို့ရပါတယ်။ ငယ်ငယ်က လမ်းထဲမှာလာရောင်းတဲ့အသယ်တွေထဲမှာ မုန့်ဦးနှောက်သယ်လာရင် အမေ့ကိုဝယ်ကျွေးဖို့ပူဆာမိဆုံးပါ။ မုန့်ဦးနှောက်ပျော့ပျော့လေးပေါ်ကို အုန်းနို့ဆမ်းသကြားဖြူး ထားတာကို အရမ်းကြိုက်တာပါ။ ဒီရောက်တော့လုပ်စားချင်တာနဲ့အမေ့ကို မေးရပါတယ်။ ခုအိသက် ၂ခုစာပဲလုပ်တာပါ။ လုပ်ရတာလွယ်လွန်းလို့စားချင်တဲ့အချိန်မှာချက်ချင်း လုပ်လိုက်တာပါပဲ။ ပါဝင်ပစ္စည်းများ မုန့်သားလုပ်ရန် -ဆန်မှုန့် ၁ခွက်ခွဲ(ဆန်ချိန်ခွက်) -အုန်းနို့ ဗူးတဝက် -ဆား ဇွန်းထိပ်ဖျားခန့်( အချိုဇွန်း) -သကြား ၁ဇွန်း(စားပွဲတင်) -သာကူစေ့အနဲငယ်(မျက်စိမပျောက်ခင်ထိ ပြုတ်ပြီးသား)   အထက်ပါအားလုံးကိုရောမွှေပါ။ဖက်ရွက်ကို ပျော့သွားအောင်၅မိနစ်လောက် ပေါင်းပါတယ်။    ငှက်ပျောရွက်စိမ်းက မုန့်ထုပ်နေတုံး အထိမခံ ကွဲတတ်လို့ပါ။ ပြီးရင်ဖတ်ရွက်ကိုဆီသုတ်ပြီး မုန့်သားများခင်းကာ ထုတ်လိုက်ပါ။   ထို့နောက် ၁၅မိနစ်ခန့်ပေါင်းလိုက်ရင် မုန့်သားအိအိလေးနဲ့မုန့်ဦးနှောက်ရပါပြီ။   အုန်းနို့ကို ဆီပြန်သည်အထိကျိုပါ။ မုန့်ဦးနှောက် လေးများကို အတုံးလေးများတုံးကာ အုန်းနို့ဖြူး သကြားဖြူးကာ စားသုံးနိုင်ပါပြီ။ […]

ပုသိမ်ဟာလဝါ

ပုသိမ်ဟာလဝါ


ဟာလဝါ ဟိုတလောကအိမ်က မိသားစုတွေ ချောင်းသာသွားတယ်ဆိုကတည်းက ဒီလန်ဒန်မှာကိုယ်က ဂနာတယ်မငြိမ်ချင်တော့ဘူး။ ကျန်ခဲ့ရတာက တမျိုး ပုသိမ်ဟာလဝါ၊ ဂဏန်း၊ ပုဇွန် စားချင်တာက တမျိုးနဲ့ တယောက်တည်းတော်တော် ခံစားလိုက်ရပါတယ်။ အမေက ပြန်လာဆိုတော့လဲ ပူလွန်းတဲ့ရာသီမို့ ကလေးတွေဂျီမှာကြောက်လို့ မသွားရဲ။ ဘယ်သူ့အပြစ် ပြောရမှန်းမသိနဲ့ တအိမ်လုံးလိုက်မဲမိပါတယ်။ နောက်ဆုံးကလေးတွေနဲ့အတူနေပေးတဲ့အမက ညီမလေးလုပ်တတ်နေတာပဲ လုပ်စားပေါ့တဲ့ ၊ ဟာလဝါထိုးရမှာလဲ ခပ်ကြောက်ကြောက်ပါ။ တော်တော်လက်ညောင်းအောင်ထိုးရလွန်းလို့ပါ။ ဒီတခါတာ့အလွယ်နည်းနဲနဲသုံးပါတယ်။ အိသက်က ရွှေမြင်းပျံကိုပဲအရမ်းကြိုက်လို့ အဲဒီပုံစံ အရသာမရမခြင်း ကျင့်ထားတာပါ။ အဲဒါနဲ့ ဒီဟာလဝါဆိုတာက ကျန်းမာရေးနဲ့တော်တော်မညီတာပါ။ အဆီအအိမ့်မျိုးစုံပါ ပါတယ်။ ဒါပေမဲ့လဲ ဦးရယ် လူဆိုတာဟာ ခက်တယ်ဆိုသလိုပေါ့နော် ကြိုက်လွန်းလို့ စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ဖြစ်သွားတာပေါ့  ( ပုံမှန်က ကောက်ညင်းပဲသုံးပါတယ်။ သူငယ်ချင်း မနိုင်ရဲ့အကြံပေး ချက်အရဆန်မှုန့်ရောကြည့်တာ […]

လန်ဒန်မြေပဲယို

လန်ဒန်မြေပဲယို


လန်ဒန်မှာလုပ်ရတော့ လန်ဒန် မြေပဲယိုပေါ့နော်။ သီချင်းလေးတောင်ရှိသေး အပျိုကြီးတွေလင်မရလို့ လန်ဒန်မြေပဲယို ကြံသကာပါမှချို တဲ့ ဘယ်အပျိုကြီးကိုမှမရည်ရွယ်ပါဘူးနော်။ အဖေက အညာဘက်ကဆိုတော့ မြေပဲယို တို့ ထန်းညက်တို့ ပေါမှပေါ။ အဖေ့ညီမ အဒေါ်တွေကိုယ်တိုင် ထန်းတောတွေပိုင်တော့ ကိုယ်တိုင်ထန်းညက်ချက် ထန်းညက်နဲ့ပတ်သတ်တဲ့မုန့်တွေလုပ် ပြီးတော့ ဒိုင်တွေကသူတို့ဆီယူပေါ့။ ခုအမေပို့ထားတဲ့ထန်းညက်ခဲလေး ၄- ၅ခဲကျန်တာနဲ့လုပ်လိုက်တာပါ။ ပါဝင်ပစ္စည်းများ -မြေပဲ -ထန်းညက်ခဲ ၅ခဲ( ကြံသကာ) -ဆား ဇွန်းထိပ်ဖျားခန့် လန်ဒန်က မြေပဲစံတွေက တော်တော်အောင်ပြီးအကြီးကြီးတွေမို့ နဲနဲထောင်းရပါတယ် မြေပဲလေးများကို ဆီမှာထဲ့ပြီးကြော်ပါ။ ၁မိနစ်ခန့်ကြော်ကာဆယ်ထားပါ။ ထန်းညက်ခဲလေးများကို ဆားထဲ့ကျိုပြီး တော်တော်စေးလာရင်မြေပဲထဲ့ရောပြီး လေးထောင့်ပုံစံခွက်ထဲ ထဲ့ကာအအေးခံထားပါ။    ခနနေမာလာတဲ့အခါ ဇွန်းအမာနဲ့ကော်ထုတ်ကာစားနိုင်ပါပြီ