အိန္ဒိယဟင်းလျာ

ကူလ်ဖီးမလိုင်( စတော်ဘယ်ရီ၊ ချောကလက်၊ Pistachio ၊နို့ )

ကူလ်ဖီးမလိုင်( စတော်ဘယ်ရီ၊ ချောကလက်၊ Pistachio ၊နို့ )


ကူလ်ဖီးမလိုင်( စတော်ဘယ်ရီ၊ ချောကလက်၊Pistachio ၊နို့ ) အိသက် အမေ့ဆိုင်ကိုရောက်ရင် ပထမဆုံးစားတဲ့အချိုပွဲက ကူလ်ဖီးမလိုင်ပေါ့။ သိပ်လဲမချို သိပ်လဲမပေါ့ပဲ စိမ့်စိမ့်လေးပေါ့။ အရမ်းကြိုက်လို့ ဆိုင်မှာလုပ်ရသလိုမခက်တဲ့အလွယ်နည်းနဲ့ အိမ်မှာလုပ်စားဖြစ်ပါတယ်။ ဒီဒီလေးက အလွန်ကြိုက်ပါတယ်။ လွယ်ပါတယ်နော်။ အိမ်မှာအခုရန်ကုန်က ပို့ထားတဲ့ ကူလ်ဖီးချောင်းအခွံလေးတွေရှိပါတယ်၊ ဆိုင်သုံးတွေပါ။ အိမ်မှာလုပ်စားမယ်ဆိုရင်တော့နှစ်သက်ရာ ပုံစံခွက်ကိုအသုံးပြူနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ( ၁၀ချောင်းစာ) (စတော်ဘယ်ရီ ၃ချောင်း၊ Pistachio ၃ချောင်း၊ ချောကလက်၂ချောင်း၊ မလိုင်၂ချောင်း) -နို့စိမ်း၂ဘူး -နို့ဆီ၁ဘူး -နို့၁/၂ လီတာ -ဆားနဲနဲ ( ဇွန်းဖျား) -စတော်ဘယ်ရီ လက်တဆုပ်စာ -ချောကလက်ပေါင်ဒါ ၂ဇွန်း(စားပွဲတင်) - Pistachio ၅ခု ၆ခုခန့် -နို့စိမ်း၂ဘူးနို၊့ ဆီ၁ဘူး ၊ နို့၁/၂ လီတာ၊ ဆားနဲနဲ ( ဇွန်းဖျား)အဲဒါတွေအားလုံးကို ရောကျိုပါ။ မီးမျှင်းမျှင်းနဲ့ဖြေးဖြေးကျိုရင်းပျစ်လာပါမယ်။ပျစ်လာရင် […]

About these ads
ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ်

ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ်


ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ် သူငယ်ချင်း ဂျူလိုင် စားချင်တယ်ဆိုလို့လုပ်ကျွေးရတာပါနော်။ လုပ်စားတဲ့နေ့မှာပဲ အထူးဧည့်သည်များလဲရောက်လာပါတယ်။ ရန်ကုန်မှာဆိုရင် အိသက်မမကြီး ခဏခဏဝယ်လာတတ်တာပါ။ ဗဟန်းရေတာရှည်လမ်းပေါ်က ဗမာမိသားစုရောင်းတဲ့ ကြက်သားပဲရည်သုတ်က သန့်လဲသန့်ပြီးစားလို့လဲ အလွန်ကောင်းပါတယ်။ ရောင်းတဲ့အမ ကိုယ်တိုင်ကလဲ သနပ်ခါးလေးနဲ့သန့်သန့်လေးရယ်။ တော်တော်စားလို့ကောင်းပါတယ် ရှူးရှူးရှဲရှဲပေါ့။ ပါဝင်ပစ္စည်းများ -ကြက်သား၁ကောင် -တခြားကြက်အစိတ်အပိုင်းများ -ဆနွမ်းမှုန့်၂ဇွန်း(စားပွဲတင်) -ပဲမှုန့်၂ခွက်(ဆန်ချိန်ခွက်) -Gram မဆလာ၅ဇွန်း(စားပွဲတင်) -ဂေါ်ဖီ၁လုံး -ငရုတ်သီးစိမ်း ၁၀ တောင့် -ကြက်သားမှုန့် -ပူစီနံ -ငရုတ်သီးမှုန့် -ငံပြာရည် -သံပရာသီး ပဲမှုန့်ကိုရေလီတာဝက်စိမ်ထားပါ။ ကြက်သားကိုလေးခြမ်းတုံးကာ ကြက်သားမှုန့်၂ဇွန်း၊ မဆလာ၂ဇွန်း၊ ဆနွမ်းမှုန့်၂ဇွန်းထဲ့ ပြီး တခြားကြက်အစိတ်အပိုင်းများပါထဲ့ကာပြုတ်ထားပါ ။ကြက်အသဲကိုအရမ်းမမာအောင်နောက်ဆုံးမှထဲ့ပါတယ်.    ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။ ငရုတ်သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။   ပဲကျိုရန် ပဲရည်ဖြေးဖြေးချင်းလောင်းထဲ့ပြီးကျိုပါ။ ရေ၁လီတာခန့်ထပ်ထဲ့ပါ။ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ မဆလာ […]

အိန္ဒိယတိုရှည်လုပ်နည်း

အိန္ဒိယတိုရှည်လုပ်နည်း


အိန္ဒိယတိုရှည်လုပ်နည်း အမျိုးသားကပြောတယ် ကုလားပြည်ကိုဒီရက်ပိုင်းခဏခဏသွားတယ်တဲ့ ကုလားဟင်းပဲစားနေရလို့လေ။ ငယ်ငယ်ကအိသက်တို့၂၉လမ်းအိမ်ရှေ့မှာတိုရှည်ဆိုင်ရှိတယ်။ ကုလားမဝဝကြီး ပုံ့ပုံ့ကြီးထိုင်ပြီး ရောင်းနေကျလေ။ မနက်ဆိုအစောကြီး တိုရှည်တွေ ဒယ်၂ ပြားနဲ့တချပ်ပြီးတချပ်ရောင်းနေပြီ။ ကြုံလို့ စကားမစပ် အဲဒီကုလားမကြီးမှာ အိသက်နဲ့ရွယ်တူ မြေးကောင်မလေးရှိတယ်။ သူ့ နံမည်ကလဲတိုက်တိုက်ဆိုင်ဆိုင် အိသက်တဲ့။ အဲဒီမှာပဲ အကိုဝမ်းကွဲ ၁၃ယောက်လောက်ထဲက အိသက်ကို တွေ့တဲ့သူ ဘယ်သူမဆို ”အိသက် ကုလားမ ကုလားမ အိသက်”လို့အော်ကြ ခေါ်ကြ စကြတယ်။ အဲဒီတုံးက ဒေါ်စောရီ မိသားစုအကုန်နီးပါး ၂၉လမ်းမှာနေတာပါ။အသားမဲမဲပိန်ခြောက်ခြောက်လေးမို့ ကုလားမလေးနဲ့လဲတော်တော်တူခဲ့မှာပါ။ အဲဒီလို စရင်ပြန်ရန်ဖြစ် အော် အဲဒါမှစိတ်မထိန်းနိုင်သေးရင်လက်နက်ကူ တွေ့ရာ နဲ့ကောက်ပေါက်ပေါ့လေ။ (တခါက Blackpool ကအကို ကို TV ရှေ့ကကာလို့ခွေးခြေခုံးနဲ့ပေါက်တာ ခေါင်းကွဲဖူးပါတယ်။ အဲသလို စိတ်ကြီးတာ) အကိုတွေက ဘာပြန်ပြောလဲဆိုရင် ကုလားမအိသက်ကိုခေါ်တာ […]

အိန္ဒိယပုဇွန်ပူစီနံအစပ်ကြော်

အိန္ဒိယပုဇွန်ပူစီနံအစပ်ကြော်


အိန္ဒိယပုဇွန်ပူစီနံ တခါတလေ ဟင်းအစပ်လေးစားချင်လာတဲ့အခါမျိုးမှာ ဒီပုဇွန်လေးကိုကြော်စားဖြစ်ပါတယ်။ သားကတော့မစားပါ။ သိပ်စပ်ပါသည် တဲ့။ သူကအစပ်စားနိုင်ပေမဲ့ အဲဒီ Level ကိုမရောက်သေးလို့ သူ့အတွက်အချိုချန်ပြီ အိန္ဒိယပုဇွန်ပူစီနံ လေးကြော်စားဖြစ်ပါတယ်။ ဒါလေးလဲလွယ်ပါတယ်နော်။ ပါဝင်ပစ္စည်းများ -ပုဇွန် ၂၀၀ ဂရမ် -ပူစီနံနဲနဲ Mint -ငရုတ်သီးခြွဲခမ်းမှုန့်၃ဇွန်း(စားပွဲတင်) -ငံပြာရေ ၁ဇွန်း(စားပွဲတင်) -ကြက်သွန်နီ ၁လုံးပါးပါးလှီး -ကြက်သွန်ဖြူ ၃မြွှာ -ဂျင်း ၁ဇွန်း(စားပွဲတင်) -ဆားနဲနဲ၊ ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်) ပုဇွန်ကိုကျောခွဲ ချီးချောင်းထုတ်သန့်စင်ကာ ဂျင်း၊ ဆားနဲနဲ ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်) တို့နဲ့နယ်ထားပါ။ ကြက်သွန်နီ ၁လုံးပါးပါးလှီး၊ ကြက်သွန်ဖြူ ၃မြွှာကို ရွှေဝါရောင်သန်းသည်အထိကြော်ပြီး ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း၊ ငရုတ်သီးခြွဲခမ်းမှုန့်၃ဇွန်း ထဲ့ကြော်ပါ။ ငံပြာရည်ထဲ့ပါ။ ၁မိနစ်ခန့်ဆက်ကြော်ပြီရင် ပုဇွန်ထဲ့ကြော်ကာ ပုဇွန်ကျက်လောက်ရင်မီးပိတ်ပြီ ပူစီနံ အရွက်များ […]

ပန်းသေးခေါက်ဆွဲ

ပန်းသေးခေါက်ဆွဲ


ပန်းသေးခေါက်ဆွဲ ၂၉လမ်းမှာ ကြီးရတဲ့သူပီပီ ကုလားစာအရမ်းကြိုက်ပါတယ်။ ပန်းဘဲတန်း ကရန်ကုန်မှာ ကုလားစာအပေါဆုံးပေါ့နော်။ လမ်း၃၀ ထိပ်က ရွှေထူးစားသောက်ဆိုင်က ပန်းသေးခေါက်ဆွဲ ကိုအိသက်တို့အိမ်မှာ ညနေ စာအဆာပြေစားချိန် ၇ရက်မှာ ၄ ရက်လောက် စားကြပါတယ်။ အဲဒီဆိုင်မှာ ဟိုးအိသက်တို့ ငယ်ငယ်က မိုးပျံခေါက်ဆွဲဆိုပြီးရောင်းပါတယ်။ ကြော်တဲ့လူကြီးက ခေါက်ဆွဲကြော်တိုင်း ငံပြာရည်ပုလင်းတို့ခေါက်ဆွဲတို့ကို လေထဲမှာမြောက်ပြီး ကစားပြီးကြော်ပါတယ်။ကြည့်လို့တော်တော်ကောင်းပါတယ်။ ဆိုင်ရှေ့လဲလူတွေဝိုင်းလို့ပေါ့၊ အဲဒီတုန်းက ပလက်ဖောင်းပေါ်မှာ အခုလိုလမ်းဘေးဈေးသည်တွေ အများကြီးမရှိသေးပါဘူး၊ အိသက်တို့ မောင်နှမ၂ယောက် ကတော်တော်ငယ်ပါသေးတယ်။ ၆နှစ် နဲ့ ၄နှစ်ပေါ့။ အမေ နဲ့ အဖေက လှည်းတန်း ဓနုဖြူဆိုင်ခွဲ စဖွင့်ကာစဆိုတော့ အလုပ်များလို့အမေနဲ့နေရတာတော်တော်ရှားပါတယ်။ အထိန်းကလဲ ဟိန္ဒူကုလားမကြီး နဲ့ နောက်အဖေ့ဘက်က အမျိုးတယောက် ယောက်ပေါ့။ သူဒို့နဲ့နေရတာများပါတယ်။ ကုလားမကြီးသမီးလို့တောင်ခေါ်ခံရလို့ ရှက်ခဲ့မိတယ်။ တကယ်တော့ […]

ဒန်ပေါက် နဲ့ မနုတ်တနီချဉ်ရည်ဟင်း

ဒန်ပေါက် နဲ့ မနုတ်တနီချဉ်ရည်ဟင်း


ဒန်ပေါက်ကို အရမ်းကြိုက်ပါတယ်။ အိသက် အမျိုးသားက သိပ်မကြိုက်ပါဘူး။ ဒါကြောင့် ချက်ခဲတယ်။ ဒီနေ့တော့အိမ် ကိုဧည့်သည်လာမှာမို့ မစားရတာလဲကြာတော့ချက်ပါတယ်။ ထူးထူးဆန်းဆန်း အမျိုးသားလဲ တော်တော်စားတာ တွေ့ရပါတယ်။ အိသက်ကတော့ သိပ်အနံ့ပြင်းလဲ မကြိုက်လို့ မဆလာကိုအမေသင် ခဲ့သလို သုံးမျိုးစပ်ပါတယ်။ ဒန်ပေါက်အတွက်မဆလာ – ကုလားလေးမဆလာ ၃ ထုပ် – ဂရမ်းမဆလာ ၃ဇွန်း (စားပွဲတင်) – ရိုးရိုးမဆလာ ၃ဇွန်း ( ကုလားဆိုင်ကမဆလာ) အဲဒါတွေကိုရောလိုက်တယ်။ ကြက်သွန် ၅လုံးပါးပါးလှီးပြီး မွှေးအောင်ဂီးထောပတ်နဲ့ဆီနဲ့ရောပြီး ရွှေဝါရောင်သန်းသည်အထိကြော်ပြီးဖယ်ထားပါ ကြက်သားနယ်ဖို့ပါဝင်ပစ္စည်းများ( ၈ပွဲစာ) – ကြက်၂ကောင် (အသေး) – ဒိန်ချဉ် ၃၀၀ ဂရမ် -သစ်ဂျပိုးခေါက် ၁ခု -ပျင်းတော်သိမ် ၄ရွက်(Curry Leaf) -လေးညှင်းပွင့် ၅ခု -ဖာလာစေ့ […]

ဖာလူဒါလုပ်နည်း

ဖာလူဒါလုပ်နည်း


အခုအိမ်မှာ  မုန့်လက်ဆောင်းဖတ် ရော ဂျုံပူတင်း ရော လုပ်ပြီး အဆင်သင့်ရှိနေတော့ ဖာလူဒါ လုပ်နည်းလေးတင်ပေးမယ်နော်။ လုပ်နည်းလေးကလွယ်ပါတယ်နော်။       လူ၇ယောက်စာ -ရေခဲ -သကြား ၂၀၀ ဂရမ် -အနီရောင်အစာဆိုးဆေး@rose syrups – နွားနို့ကျိုပြီးအပျစ် @ cream milk လီတာဝက် -သာကူစေ့ လက်တဆုတ်စာ – မုန့်လက်ဆောင်းဖတ် – ဂျုံပူတင်း ဂျုံပူတင်း( ဖာလူဒါမှာသုံးရန်)/ Flour Pudding (to use in Falooda or Faluda) -ရေခဲမုန့် ( ready made) -ရောင်စုံဂျယ်လီ သကြားကိုရေ လီတာဝက်ခန့်ထဲ့ပြီး အရောင်နဲငယ်ထဲ့ပြီးပျစ်လာအောင်ကျိုပါ။ rose syrups  အရည်လေး ၂ဇွန်းခန့်ရောပါ။အနံ့မွှေးစေရန်ဖြစ်ပါတယ်။     သာကူကိုလဲ မျက်စိပျောက်တဲအထိအရောင်ထဲ့ ပြီးကျိုပါ။ ပြီးရင်ဇကာထဲ သွန်ပြီးရေအေးနဲ့ဆေးပေးပါ။ သာကူများကပ်မနေစေရန်ဖြစ်ပါတယ်။    နို့ကိုပျစ်ပျစ်ကျိုထားပါ။ ကျိုပြီးကိုသုံးလဲရပါတယ်။ ကြာကြာကျိုစရာမလိုတော့ဘူးပေါ့။ […]