အရံဟင်းလျာများ

မကျည်းသီးထောင်း

မကျည်းသီးထောင်း


မကျည်းသီးနုနုတွေ တွေ့တော့ ခပ်စပ်စပ်လေး ထောင်းစားချင်လာပါတယ်။ စားလို့ကုန်တာကြာနေပေမဲ့ မအားလို့ဒီရက်ပိုင်း blog  လေးကိုပစ်ထားတာကြာပြီမို့ ဒီနေ့ ဒါလေးကို သတိတရတင်ဖြစ်ပါတယ်။ ထမင်းမြိန်စေမဲ့ ဒီမကျည်းသီးထောင်လေးက အညာထောင်လေးပါနော်။ ကြည့်ရအောင်   ပါဝင်ပစ္စည်းများ -မကျည်းသီးနုများ ၄-၅တောင့်ခန့် -ငရုတ်သီးစိမ်း ၃တောင့် -ဆားဇွန်း၃ပုံ၁ပုံ(အချိုဇွန်း) -ငပိ၁ဇွန်း (အချိုဇွန်း) -ကြက်သွန်ဖြူ ၃မွှာ    မကျည်းသီးလေးများကိုရေစင်စင် ဆေးပြီးထောင်းပါ။ ထောင်းနေရင် မညက်တညက်အချိန်မှာ ငရုတ်သီးစိမ်းလေးများ အညှာခြွေထဲ့၊ ကြက်သွန်ဖြူ လေးများထဲ့ထောင်းပါ။ ဆားကို ထောင်းနေရင် နဲနဲထဲ့သွားပါ။ တော်တော်လေး ညက်ပြီဆိုရင် ငပိမီးသင်းထားတာလေးထဲ့ရောထောင်းပါ။ အားလုံး ညက်ပြီဆိုရင်ထမင်းမြိန်စေမဲ့ မကျည်းသီးထောင်းလေးရပါပြီ။ About these ads

About these ads
ခရမ်းသီးမီးဖုတ်သုတ်

ခရမ်းသီးမီးဖုတ်သုတ်


ခရမ်းသီးမီးဖုတ်သုတ် ခရမ်းဘုတ်မသီးကြီးတွေ မီးဖုတ်ပြီးသုတ်စား စား၊ ကြက်ဥလေးနဲ့ကြော်စား စား အရမ်းကြိုက်ပါတယ်။ အမျိုးသားက ကြက်ဥနဲ့ကြော်တာလေးပိုကြိုက်ပေမဲ့လို့ တခါတလေ ကိုယ့်အာသာလေးပိုဦးစားပေး ဦးမှဆိုပြီးသုတ်စားပါတယ်.။ အားလုံးလုပ်စားတတ်ကြမယ်လို့ ယုံကြည်ပါတယ်နော်။ အိသက် Blog  လေးမှာ တစုတစည်းတည်းဖြစ်စေချင်လို့တင်လိုက်တာပါ။ စိမ့်ပြီးအရသာကိုရှိနေတာပဲ။ သတ်သက်လွတ်ဟင်းတခွက်ပါပဲနော်။ ပါဝင်ပစ္စည်းများ( ၅ယောက်စာ) -ခရမ်းဘုတ်မသီး၂လုံး -ကြက်သွန်နီ၁လုံးပါးပါးလှီးပြီးရေစိမ်ထားပါ -ဆီစိမ်းလေးဇွန်း (စားပွဲတင်) -ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားပါ -ဆား၊ကြက်သားမှုန့် -နံနံပင် ခရမ်းသီးများကို Oven ထဲ ထဲ့ပြီးမီးဖုတ်လိုက်ပါ။ မိနစ်၂၀အကြာ မွှေးလာပြီး ခရင်းနဲ့ထိုးကြည့်လို့အိနေပြီဆိုရင်ရပါပြီ။   ခရမ်းသီးများ အခွံခွါပြီး အနှစ်များယူပါ။ ဇလုံ၁ခုထဲ မှာထဲ့ပြီး ဆီစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားတာထဲ့ ( ခရမ်းသီးက လေထိုးတတ်လို့ကြက်သွန်ဖြူ များများထဲ့ပါတယ်)။    […]

ကြယ်သီးမှိုအစပ်ချက် /Spicy Button Mushroom Curry


ဒီဟင်းလေးကို သားသား ငယ်ငယ်ကလန်ဒန်မှာ၆လလောက်အတူလာနေပေးသွားတဲ့အမနှစ်ဝမ်းကွဲ မတင်တင်မိုးကချက်ပြသွားတာပါ။ အမေ့တူမတဝမ်းကွဲပါ။ အဲဒီ မကြီးတင်တင်မိုးက တက္ကသိုလ်ကျောင်းသူဘဝမှာတည်းက အိသက်အမေ လှည်းတန်း အောင်ချမ်းသာလမ်းထဲမှာ ၁၉၈၆ခုနှစ်ဓနုဖြူဆိုင်ခွဲစဖွင့်တည်းက သူ့အမ မလှမိုးနဲ့အတူ ဒိုးတူဘောင်ဖက် အမေ့ကိုကူခဲ့ကြတာပါ။ အမေ့လက်ကျမို့ အိသက်တို့ သမီးအရင်းတွေထက်ဟင်းချက်ကောင်းပြီး အမေ့လက်ရာ တပုံစံတည်းထွက်ပါတယ်။ သူရှိတုန်းကမုန့်မျိုးစုံလဲစားရပါတယ်။ မုန့်ဘိုင်းတောင့် လေးညနေခင်းလုပ်ကျွေးတာသတိရမိတယ်။ စားကလဲစားချင် လုပ်ရမှာလဲပျင်းဆိုတော့ သူများလုပ်ကျွေးတာသတိရနေတာပေါ့လေ။ သူချက်တဲ့ဟင်းတွေထဲမှာ ဒီမှိုဟင်းအစပ်အကြိုက်ဆုံး၊ ဒါပေမဲ့ အိသက်က seafoodတို့ မှို တို့နဲ့သိပ်မတဲ့ဘူး။ စားပြီးရင်၂ရက်လောက် လက်ခလယ်ရဲ့လက်စစ်လေးတွေ ရောင်ပြီးယားလာရော။ အဲဒီထက်တော့ပိုမဖြစ်တတ်ဘူး။ အိသက်မမလေးလဲ အဲဒီလို Allergic reaction ရှိတယ် သူကပြောဖူးတယ် သေလောက်အောင်ဖြစ်တာ မဟုတ်ဘူး စားတဲ့၊ ခုစားပြီး နဲနဲတော့ ဂစ်တာတီးရတာပေါ့နော်။ အရမ်းကြိုက်တဲ့အတွက် စားရတာတန်တယ်လို့ မှတ်ပါတယ်။သက်သတ်လွတ်ဟင်းလဲဖြစ်ပါတယ်. My second cousin, Ma […]

ရှောက်ရွက်နံ့သင်းပုဇွန်ချဉ်သုတ်

ရှောက်ရွက်နံ့သင်းပုဇွန်ချဉ်သုတ်


ရှောက်ရွက်နံ့သင်းပုဇွန်ချဉ်သုတ် ဟင်းတမျိုးအနေနဲ့တင်တာပါ နော်။ အားလုံးသိပြီးသားဖြစ်မှာပါ။ ငါးဖယ်ချဉ် (ခ) ပုဇွန်ချဉ်လုပ်နည်း ပုဇွန်ချဉ်သုတ်တာက လွယ်ပါတယ်။ ကြည့်ရအောင်.. -ပုဇွန်ချဉ်၂၀၀ ဂရမ်(အတုံးလေးများ) -ကြက်သွန်နီ ၁ခြမ်းပါးပါးလှီးထား -ကြက်သွန်ဖြူဆီချက် ၂ဇွန်: -ရှောက်ရွက် ၃-၄ ရွက်ပါးပါးလှီးထား( lime leave) -ငရုတ်သီးမှုန့် လ္ဘက်ဇွန်း ၁ဇွန်း -ငရုတ်သီးစိမ်း၂တောင့် ပါးပါးလှီးထား -နံနံပင် နဲနဲ -ဆား၊ ကြက်သားမှုန့်၊ ငံပြာရည် အထက်ပါအားလုံးတို့ကိုရောသုတ်ပြီး အရသာမြည်းပြီး ရှောက်ရွက်နံ့သင်းသင်းချဉ်ငံစပ်ပုဇွန်ချဉ်သုတ်လေးကို ထမင်းပူပူလေးနဲ့တွဲစားပါနော်.။

ရုံးပတီသီးအစပ်နှပ်

ရုံးပတီသီးအစပ်နှပ်


ရုံးပတီသီးကို အစပ်ကလေးနှပ်စားချင်တာကြာပြီ။ ဘယ်လိုကနေ ဘယ်လိုမေ့မေ့နေတယ်မသိဘူး။ ဒီနေ့တော့ ရုံးပတီသီးနုနုလေးတွေ ကုလားဆိုင်ကရလို့ချက်ဖြစ်တယ်။ ဗမာနည်းရိုးရိုးလေးပါနော်။ ရုံးပတီသီးကို အစပ်ကလေးနှပ်စားချင်တာကြာပြီ။ ဘယ်လိုကနေ ဘယ်လိုမေ့မေ့နေတယ်မသိဘူး။ ဒီနေ့တော့ ရုံးပတီသီးနုနုလေးတွေ ကုလားဆိုင်ကရလို့ချက်ဖြစ်တယ်။ ပါဝင်ပစ္စည်းများ- -ရုံးပတီသီး၂၅၀ ဂရမ် -ငရုတ်သီးခွဲခြမ်းမှုန့် -အရောင်တင်မှုန့် ၂ဇွန်း( စားပွဲတင်) -ပုဇွန်ခြောက် ၃၀ ဂရမ် -ကြက်သွန်နီ ၁လုံး၊ ဖြူ ၄မွှာ -ငံပြာရည် ၊ ဆား၊ ကြက်သားမှုန့် ကြက်သွန်နီ၊ ဖြူ ကိုပုဇွန်ခြောက်နဲ့ရောကြိတ်ထားပါ။ ကြိတ်ပြီးသားအစာတွေကို ငံပြာရည် ၊ ဆား၊ ကြက်သားမှုန့်နဲ့ဆီသတ်ပါ။ ကြက်သွန်ရွှေဝါရောင်သန်းလာရင် ရုံးပတီသီးထဲ့လုံးပြီး ရေနွေးနဲနဲထဲ့ပြီးမီးအေးအေးနဲ့ ၁၀မိနစ်ခန့်နှပ်ထားလိုက်ပါ။ အပေါ့အငံလေးမြည်းပြီးသုံးဆောင်ပါ။

နွားနို့ပြောင်းဖူးထောင်းကြော်

နွားနို့ပြောင်းဖူးထောင်းကြော်


 နွားနို့ပြောင်းဖူးထောင်းကြော် ပုံမှန်ပြောင်ဖူးကို ဒီအတိုင်းကြော်စားကြပါတယ် ။ နွားနို့ လေးနဲ့ဆိုတော့ စိမ့်စိမ့်လေးနဲ့ စားလို့ အင်မတန်ကောင်းပါတယ်၊၊ အိသက်တို့Htetfamily မိသားစုကပ်သမျှ ဘုန်းကြီးဝိုင်းတိုင်း မပါမဖြစ်ပါရတဲ့ ဟင်းပွဲလေးပါ။  အိမ်ရှင်မများလဲနှစ်ခြိုက်မဲ့ဟင်း တခွက်မို့မြည်းကြည့်စေချင်ပါတယ်နော်။   ပါဝင်ပစ္စည်းများ -ပြောင်းဖူး ၂ဖူးစာ -ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွာ -ဆားဇွန်းဝက်(အချိုဇွန်း) -ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း) -နွားနို့ မတ်ခွက်၁ ဝက်စာ    စက်နဲ့ကြိတ်တယ်  ထောင်းတယ်ဆိုတာ စီးစေချင်လို့ပါ ပထမဆုံး ပြောင်းဖူးကို စက်နဲ့ကြိတ်လိုက်တယ် ပုံမှန်ရန်ကုန်မှာဆိုထောင်းတာပေါ့နော် ဒီမှာတော့မြန်အောင်လို့စက်သုံးလိုက်တယ်၊ စက်နဲ့ကြိတ်တယ်  ထောင်းတယ်ဆိုတာ စီးစေချင်လို့ပါနော် ပြီးရင်ကြက်သွန်နီ၊ ဖြူ ဆီသတ် ကြက်သွန်နီ၊ ဖြူ ရွှေဝါရောင်သန်းလာရင်  ပြောင်းဖူးကိုထဲ့ပါ ပြီးရင်-နွားနို့နဲနဲ ၊ ဆား၊ ကြက်သားမှုန့်ထဲ့မွှေပြီး အဖုံးခဏအုပ်ပါ .  ပြောင်းဖူးနူးပြီး စေးလာပြီဆိုရင်ရပါပြီ အလွန်အရသာရှိတဲ့  ပြောင်းဖူးကြော်စီးစီးစိမ့်စိမ့်လေးရပါပြီ.   ကြက်သွန်နီကြော်ကျွပ်ကျွပ်လေးဖြူးပြီး ထမင်းပူပူလေးနဲ့စားရင်အလွန်မြိန်ပါလိမ့်မယ်။ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ။ […]