အရည်သောက်များ

၁၂မျိုးဟင်းချို

၁၂မျိုးဟင်းချို


၁၂မျိုးဟင်းချိုဆို အသားအရွက် ၁၂မျိုးနဲ့ရောချက်ထားတာကိုဆိုလိုပါတယ်။ ဒီနေ့ တော့အိမ်မှာ အဲဒီဟင်းချိုလေးချက်ပါတယ်။ကြည့်ရအောင်နော်။ ပါဝင်ပစ္စည်းများ ၁- ဝက်နံရိုး ၂၀၀ ဂရမ် (တုံးပြီး) ၂-ကြက်အသဲ ၅၀ ဂရမ် ၃-ငုံးဥ ( ကြိုက်သလောက်) ၄-ငါးဖယ်လုံး၈လုံး ၅-ပဲပြား ၆-ဘိုစားပဲပြား ၇-ပြောင်းသူငယ် ၈-ပန်းဂေါ်ဖီ ၉-မုန်လာဥနီ ၁၀-မုန်ညင်းဖြူ ၁၁-ခရမ်းချဉ်သီး ၁၂-ဂေါ်ဖီထုပ် -ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၃မွာ၊ ငရုတ်ကောင်း၊ ပဲငံပြာရေ ၁ဇွန်း(စပတ) ဝက်နံရိုးကို ဂျင်းထဲ့ပြီးပထမရေ3 လီတာဖြင့်ပြုတ်ပါ။ အသားများနူးပြီဆိုရင်ကြက်သဲမြစ် ထဲ့ပါ။ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပဲငံပြာရေထဲ့ပါ။ ရေပြန်ဆူလာရင် ငုံးဥပြုတ်၊ ငါးဖယ်တို့ထဲ့ပါ။ ပြီးမှ ပဲပြား၊ အသီးအရွက်များထဲ့ပါ။    ( ကြက်ဥထဲ့ချင်ရင်ခလောက်ပြီး ဖြေးဖြေးချင်းလောင်းထဲ့ပါ) ဆူပွက်လာရင်အရသာမြည်းပြီးပူပူနွေးနွေးဖြင့် တည်ခင်း၍ရပါပြီ။ ဝက်နံရိုး […]

About these ads
ဂဏန်းသားပြောင်းဖူးကော်ရည်ဟင်းချို

ဂဏန်းသားပြောင်းဖူးကော်ရည်ဟင်းချို


ပါဝင်ပစ္စည်းများ( ၂ခွက်စာ) -ကော်မှုန့်၎ဇွန်း( စားပွဲတင်) -ဂဏန်သား ၁၀၀ ဂရမ် – ဂျင်း၊ ဆားနဲနဲ၊ ကြက်သားမှုန့် ၃ဇွန်း -ကြက်ဥ ၁လုံး -ငရုတ်ကောင်းမှုန့်နဲနဲ -ပြောင်းဖူးထောင်းထားပြီးသားနဲနဲ ကော်မှုန့်ကို ရေဖျော်ပြီး ဂျင်း၊ ဆားနဲနဲ၊ ကြက်သားမှုန့် ၃ဇွန်း နဲ့ မီးဖိုပေါ်မှာအဆက်မပျက် မွှေပါ ။ ဖြေးဖြေးချင်း စပျစ်လာပြီဆိုရင်ပြောင်းဖူးထောင်းထားပြီးသားနဲ့ ဂဏန်သားထဲ့ပြီး ဆက်မွှေပါ။ နောက်ဆုံးမှကြက်ဥခလောက်ထားပြီးသားကို လောင်းချပြီးအမျှင်လေးတွေဖြစ်အောင်မွှေပေးပြီရင် ငရုတ်ကောင်းမှုန့်ဖြူးပြီး ပူပူလေးသုံးဆောင်ပါ။

ပုဇွန်တုမ်းရမ်း ဟင်းရည်

ပုဇွန်တုမ်းရမ်း ဟင်းရည်


ဒါလေးကတော့ အိသက်အမေရဲ့ အသဲစွဲဟင်းရည်ပေါ့၊ ချဉ်ငံစပ်လေးပါ၊ အမျိုးသားလဲ အရမ်းကြိုက်လို့ ခဏ ခဏချက်ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ -မှို၊ ပန်းဂေါ်ဖီ၊ ပြောင်းသူငယ်၊ ငရုတ်ပွသီး၊ -စပါလင်၊ ရှောက်ရွက် ၊ ငရုတ်သီး စိမ်း(သို့) ပဒယ် ကော -ပုဇွန်ကျား ( အခွံမချွတ်မှ ကွေးမသွားမှာပါ) -တုမ်းရမ်းအနှစ် -ငုံးဥ( ပြုတ်ပြီးသား) -နံနံပင် – ကြက်သွန်ဖြူ၊ နီ -ဆား၊ ကြက်သားမှုန့်၊ ငံပြာရည် ကြက်သွန်ဖြူ၊ နီ ကိုအတုံးလေးများတုံးပြီး စပါလင်၊ အရောင်တင်မှုန့် နဲ့ ဆီသတ်ပြီး ပန်းဂေါ်ဖီ၊ မုန်လာဥနီ ကိုထဲ့လုံးပေးပါ၊ ပြီးရင် တုမ်းရမ်းအနှစ် စားပွဲတင်ဇွန်းသုံးဇွန်း( ဟင်းချိုခွက် ခြောက်ခွက်စာ) ထဲ့ပြီးရေနွေး တစ်လီတာ ခွဲထဲ့ပြီး ပွက်ပါစေ၊  ပွက်ပြီးဆိုမှ နူးလွယ်သော ပြောင်းသူငယ်၊ ငရုတ်ပွသီး၊ မှို ၊ […]

ဝက်နံရိုး နဲ့ ကြံမဆိုင်ဟင်းရည်

ဝက်နံရိုး နဲ့ ကြံမဆိုင်ဟင်းရည်


ဝက်နံရိုး နဲ့ ကြံမဆိုင် ဟင်းချို ပါဝင်ပစ္စည်းများ -ဝက်နံရိုး -thai boy ready made  ကြံမဆိုင် – ဂျင်းpaste၊ ဆား၊ ကြက်သားမှုန့် ဝက်နံရိုးကိုရေစင်စင်ဆေးပြီး ဂျင်းpaste၊ဆား၊ ကြက်သားမှုန့် လေးနဲ့ နယ်လိုက်ထားတယ်။ ကြံမဆိုင် လေးတွေကိုလဲ ဖြတ်တောက်ထားလိုက်တယ်၊ စချက်မယ်နော်၊ ဝက်နံရိုး နယ်ပြီးသားတွေကို ဆီပါလေကာထဲ့ပြီး(ဝက်ကဆီထွက်ဦးမှာမို့ပါ) လုံးလိုက်ပါ( ဟင်းရည်သောက်တဲ့အခါ မညှီးအောင်လို့ ) အနံ့လေးမွှေးလာပြီးဆိုရင်ရေစပ်စပ် လေးနဲ့ဒီလိုလေး ပြုတ်ထားပါ၊ ၊ ရေလဲခမ်းပြီ ဝက်နံရိုးလဲနူးပြီ ဆိုရင်  ကြံမဆိုင် နဲ့ရော ခဏလုံး ရေထပ်ထဲ့ပြီးပွက်ပါစေ၊ (  ကြံမဆိုင်ကready made မို့နူးပြီးသားပါ) ခုဆိုရင်အရသာရှိတဲ့ ဝက်နံရိုး နဲ့ ကြံမဆိုင်ဟင်းရည်ပူပူလေးရပါပြီ