ကိုယ်တိုင်လုပ်စားဖွယ်

နံကထိုင်

နံကထိုင်


မအားဘူးဖြစ်နေလို့ ဒီရက်ပိုင်းဘာမှကိုမတင်ဖြစ်ဘူး၊ နံကထိုင် လုပ်စားတာလေးတင်ပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းများ( ၁၅ခုစာ) -ဂျုံ ၁ခွက်ခွဲ( ဆန်ချိန်ခွက်) -ဂီထောပတ် ၅၀ဂရမ် -Castar Sugar သကြားအချောမှုန့် ၃ဇွန်း( ဟင်းချက်ဇွန်း) -ကြက်ဥ ၁လုံး -ဆော်ဒါ ၁ဇွန်း(အချိုဇွန်း) နံကထိုင် ပြူလုပ်ရာတွင် Castar sugar သုံးမှ မုန့်ကောင်းပါသည် ဂျုံ၊ ထောပတ်၊ သကြား၊ ကြက်ဥ ၊ ဆော်ဒါ များကိုဇလုံတခုထဲ ထဲ့ကာ သမအောင် နယ်ပေးပါ။ အခြားမုန့်များလို သိပ်မနယ်ရပါ။ သိပ်နယ်လွန်းရင် ဆီများထွက်လာပါမည်။ ပြီးမှ အဝိုင်းကလေးများ ပြူလုပ်ကာ မုန့်ဗန်းပေါ်တွင် ခြား၍တင် ထားပါ။ ခြားရခြင်းက မုန့်ပွလာလျင် တခုနဲ့တခုပူးကပ်မသွားစေရန်ဖြစ်ပါတယ်။ ကြိုတင်အပူပေးပြီးသား Oven ထဲတွင် ၁၀မိနစ်ခန့် အပေါ်မီး အောက်မီးနဲ့ […]

About these ads
ရေခဲမုန့်ကြော်

ရေခဲမုန့်ကြော်


ပူလွန်းတဲ့ဒီလိုရာသီမှာ ရေခဲမုန့်လိုအချိုစာကတော့ တကယ့်ကိုပေါ်ပြူလာအဖြစ်ဆုံးပါ။ ရန်ကုန်မှာတုံးက အိသက် မမလေးက ရေခဲမုန့် ကြော်လိုက်ကျွေးတတ်သလို သူကိုယ်တိုင်လဲလုပ်တတ်ပါတယ်။ ခုဒီမှာပူလာလို့ ဒါလေးကိုလုပ်စားဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ -ရေခဲမုန့်၂လုံး -ကြက်ဥ၁လုံး -bread crumb(သို့) ကိတ်ခြောက်မှုန့်၎ဇွန်းစာ (စားပွဲတင်) -အုန်းသီးအမှုန့်၃ဇွန်း – nutmeg ၁ဇွန်း(အချိုဇွန်း) ကြက်ဥ၁လုံးရဲ့အကာပဲယူပါတယ်။ nutmegထဲ့ခေါက်ထားလိုက်ပါ။   ဇလုံထဲတွင်bread crumb (သို့) ကိတ်ခြောက်မှုန့်နဲ့အုန်းသီးအမှုန့်ကိုရောထားပါ။   ရေခဲမုန့် ကိုရေခဲသေတ္တာထဲက ထုတ်ပြီး ပြီးချင်းအလုံးလေးဖြစ် ခပ်လိုက်ပါ   ပြီးရင် ကြက်ဥနှစ်မှာ နှစ်ကာ နဲ့bread crumbလိုက်ကပ်လိုက်ပါ။   ပြီးရင်Oven tray ပေါ်ထဲ့ပြီး freezer  ထဲ နာရီဝက်လောက် ထဲ့ထားပါ။ နာရီဝက်အကြာပြန်ထုတ်ပြီး ကြက်ဥအနှစ်မှာ နှစ်ကာ နဲ့bread crumb ခပ်ထူထူကပ်လိုက်ပါ။Freezer ထဲ […]

ပြည်ပလာတာ/Pyay Paratha

ပြည်ပလာတာ/Pyay Paratha


ပြည်ပလာတာ ပြည်မြို့က နာမည်ကျော် ပလာတာ ပြည်ပလာတာကို စားချင်နေတာကြာပြီ။ လုပ်မယ် လုပ်မယ်နဲ့ ခုမှပဲလုပ်ဖြစ်တယ်။ မလုပ်စားဖြစ်တာ ၁နှစ်လောက်ရှိပြီ။ စားလို့လဲကောင်းလိုက်တာလေ။ ရှူးရှူးရှဲရှဲနဲ့ ပူပူစပ်စပ်လေးပေါ့။ အာသာကိုပြေသွားတာပဲ။ ဒါကြောင့် ခုဒီ post  လေးကိုမျှဝေချင်ပါတယ်။ I have been longing for this famous Paratha from Pyay, located in Irrawaddy river and 160 miles northwest of Yangon, Pyay Paratha for so long. Thinking of cooking it again and again but only this time […]

စားတော်ပဲပြုတ်/Boiled Green peas or Garden peas

စားတော်ပဲပြုတ်/Boiled Green peas or Garden peas


စားတော်ပဲပြုတ်/Boiled Green peas ရန်ကုန်မှာဆို လမ်းထိပ်မှာ ပဲပြုတ်သည် အစောကြီးကတည်းကရှိနေပြီ။ အမေဆိုင်အတွက်ဈေးဝယ်ပြီး အိသက်တို့ကိုပြန်လာနှိုးရင် ပဲပြုတ်ဝယ်လာတတ်ပါတယ်။ပဲပြုတ်ထမင်းကြော်စားရင်စား(သို့) သုတ်ပြီး ထမင်းပူလေးနဲ့စားပေါ့.။ အိသက်တို့ London အိမ်နားကကုလားဆိုင်မှာ ( green pea) စားတော်ပဲလေးတွေရောင်းနေတာတွေ့တော့တော်တော်ပျော်သွားပါတယ်။ ခါတိုင်းက yellow pea ကိုပဲ ပြုတ်စားနေရတာကိုး ။ အရသာက စားတော်ပဲ ကပိုပြီးစိမ့်တယ်လေ။ ခုပြုတ်မဲ့နည်းက ညီမ ဝတ်ရည် Wutyeefoodhouse ကိုရန်ကုန် ပြန်တုန်းက ပြောပြခဲ့တဲ့ နည်းအတိုင်းပါပဲနော်။ အိမ်မှာ ထန်းညက်လဲ ရန်ကုန်ကပို့ထားတာရှိနေတော့ ထန်းညက်သုံးပါတယ်။ မရှိရင် ကြံသကာသုံးပါ။ အဲဒါလဲမရှိရင် သကြားသုံးပေါ့နော်၊ Early in the morning, there was the lady hawker who sells the boiled green […]

ငါးဖယ်ချဉ် (ခ) ပုဇွန်ချဉ်လုပ်နည်း

ငါးဖယ်ချဉ် (ခ) ပုဇွန်ချဉ်လုပ်နည်း


ငါးဖယ်ချဉ် (ခ) ပုဇွန်ချဉ်လုပ်နည်း အိသက် သားအကြီးက ပုဇွန်ချဉ်အရမ်း ကြိုက်ပါတယ်။ ပုံမှန်ပုဇွန်ချဉ် လန်ဒန်အိမ်မှာလုပ်စားဖြစ်တယ်။ ဒါကို လန်ဒန် လာလည်သွားတဲ့ သူ့အဖွား ဒေါ်သဲသဲလှုပ်များက ပုဇွန်ချဉ် ပါပို့တဲ့ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ဝါးခယ်မကပါ။ ပုဇွန်ချဉ် နံမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက ဝါးခယ်မကပုဇွန်ချဉ်ဒိုင်ကိုရှယ်အောဒါမှာ ချဉ်ပြီးပြီးချင်း ရန်ကုန်ကိုပို့ခိုင်းပါတယ်။ ကျမတို့ ဓနုဖြူဆိုင်( လှည်းတန်း- အင်းစိန်) ဆိုင်မှာလဲအဲဒီပုဇွန်ချဉ်ပဲသုံးတာပါ( ဒါကကြောငြာ) တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျမမေမေက ကျန်သူပို့ချင်သော ပစ္စည်းများနဲ့ မနက်၁၂နာရီမကျော်ခင်EMS က ပို့ရင်ဒီကို ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တခါပို့ရင်၈ပိဿာပို့ပါတယ်။ လမ်းမှာချဉ်ခိုင်းလိုက်တာပေါ့။ တခါတရံ မချဉ်သေးပဲရောက်လာတတ်ပါတယ်။ ဒါမျိုးဆိုရောက်ပြီး ၂ ရက်လောက်မှပြန်ဖြေကြည့်ရပါတယ်။သားစားပုံကို သိတဲ့ အိသက် မိတ်ဆွေများကဆိုတော်တော် အံဩပါတယ်။ ပုဇွန်ချဉ်အစိမ်းအတုံးလေးများ၊ သရက်သီးစိမ်း အတုံးလေးများကို ချဉ်ရည်ဟင်း(@) ဟင်းချိုနဲ့ နယ်ပေးလိုက်ရင်တော်တော်စားပါတယ်။ […]

ဖာလူဒါလုပ်နည်း

ဖာလူဒါလုပ်နည်း


အခုအိမ်မှာ  မုန့်လက်ဆောင်းဖတ် ရော ဂျုံပူတင်း ရော လုပ်ပြီး အဆင်သင့်ရှိနေတော့ ဖာလူဒါ လုပ်နည်းလေးတင်ပေးမယ်နော်။ လုပ်နည်းလေးကလွယ်ပါတယ်နော်။       လူ၇ယောက်စာ -ရေခဲ -သကြား ၂၀၀ ဂရမ် -အနီရောင်အစာဆိုးဆေး@rose syrups – နွားနို့ကျိုပြီးအပျစ် @ cream milk လီတာဝက် -သာကူစေ့ လက်တဆုတ်စာ – မုန့်လက်ဆောင်းဖတ် – ဂျုံပူတင်း ဂျုံပူတင်း( ဖာလူဒါမှာသုံးရန်)/ Flour Pudding (to use in Falooda or Faluda) -ရေခဲမုန့် ( ready made) -ရောင်စုံဂျယ်လီ သကြားကိုရေ လီတာဝက်ခန့်ထဲ့ပြီး အရောင်နဲငယ်ထဲ့ပြီးပျစ်လာအောင်ကျိုပါ။ rose syrups  အရည်လေး ၂ဇွန်းခန့်ရောပါ။အနံ့မွှေးစေရန်ဖြစ်ပါတယ်။     သာကူကိုလဲ မျက်စိပျောက်တဲအထိအရောင်ထဲ့ ပြီးကျိုပါ။ ပြီးရင်ဇကာထဲ သွန်ပြီးရေအေးနဲ့ဆေးပေးပါ။ သာကူများကပ်မနေစေရန်ဖြစ်ပါတယ်။    နို့ကိုပျစ်ပျစ်ကျိုထားပါ။ ကျိုပြီးကိုသုံးလဲရပါတယ်။ ကြာကြာကျိုစရာမလိုတော့ဘူးပေါ့။ […]

ဂျုံပူတင်း( ဖာလူဒါမှာသုံးရန်)/ Flour Pudding (to use in Falooda or Faluda)

ဂျုံပူတင်း( ဖာလူဒါမှာသုံးရန်)/ Flour Pudding (to use in Falooda or Faluda)


ဂျုံပူတင်း(ဖာလူဒါမှာသုံးရန်)/Flour Pudding (to use in Falooda) ၁၉၉၇_ ၂၀၀၂ ခုနစ် ထိ ဦးထွန်းလင်းခြံလမ်းထိပ် လှည်းတန်းမီးပွိုင့်နားကတိုက်တန်းကြီးအောက် မြေညီထပ်မှာ ” အမှတ်တရ” အအေးဆိုင်ဆိုပြီးသစ်လုံးလေးတွေနဲ့ လုပ်ထားတဲ့ ဆိုင်လေး အမေဖွင့်ဖူးတယ်။ လန်ဒန်မလာခင် ၃နှစ်လောက်ဆိုင်မှာလုပ်ခဲ့ဖူးတယ်။ ခုတော့ ထမင်းဆိုင်နဲ့ပေါင်းဖွင့်လိုက်ပြီ။ ကျူရှင် တွေ သင်တန်းတွေကလဲပေါတော့ အရမ်းရောင်းကောင်း ပါတယ်။ အထူးသဖြင့် အခါကြီးရက်ကြီးတွေပေါ့နော်။ ဆိုင်မှာဖာလူဒါ ရောင်းအကောင်းဆုံး။ အခုအိသက်ပြောမဲ့ ဂျုံပူတင်းလုပ်နည်း ကဖာလူဒါမှာ သုံးတဲ့ ပူတင်းလေးပေါ့နော်။ Cold drinks restaurant named “A-mhet-ta-ya” meaning “Recollection” designed with timber posts  was opened from year 1997-2002 by my […]

မုန့်လက်ဆောင်း

မုန့်လက်ဆောင်း


မုန့်လက်ဆောင်းဖတ်လုပ်နည်းကိုသမီးလေးမွေးပြီကာစ အိသက် facebook ပေါ်မှာတင်ဖူးပါတယ်နော်။  အခု ဒီနည်းလေးက နိုင်ငံခြားမှာ ဆန်ကြမ်းကြိတ်မရနိုင်ရင်လုပ်လို့လွယ်တဲ့ နည်းပေါ့နော်။ကလေးတွေ ၂၀၁၁ မွေးနေ့ပွဲမှာ ရွှေရင်အေးပါ ပါတယ်။ အဲဒီတုန်းက မုန့်လက်ဆောင်းက ဒီနည်းနဲ့လုပ်တာပါ။အရမ်းအဆင်ပြေပြီး လုပ်ရလွယ်တဲ့နည်းလေးမို့ပြောပြချင်ပါတယ်။ ပါဝင်ပစ္စည်းများ -ဆန်မှုန့်၁၀ဇွန်း(  ဟင်းခပ်ဇွန်း) -Tapioca flour ၃ဇွန်း( ဟင်းခပ်ဇွန်း) -ဆွမ်းမွှေးရည် (pandan paste) -ထုံးကျက်တတ်ရည်၂ လီတာ ထုံးကျတ်တတ်ရည်ဆိုတာ ထုံးကိုရေဖျော်ပြီးကျောက်ချဉ်ထဲ့ပါ။ရေကြည်လာရင်အပေါ်ရေကြည်က ထုံးကျက်တတ်ရည် ဖြစ်ပါတယ်   ကျောက်ချဉ်,ထုံး alum and line stone ဆန်မှုန့်နဲ့ tapioca flour ကိုရောပြီးထုံးကျက်တတ်ရည်နဲ့ ကျိုပါ။ ဆွမ်းမွှေးရည် အရောင်နု၊ ရင့် ကြိုက်သလိုထဲ့ မွှေပါ. ဆွမ်းမွှေးရည် အရောင်နု၊ ရင့် ကြိုက်သလိုထဲ့ မွှေပြီး  တော်တော်ပျစ်လာပြီဆိုမှ အောက်ကရေခဲထဲ့ထားသော ရေခဲရည်ထဲသို့ ဇကာပေါက်ပါသောခွက်ထဲကို မုန့်ရည်ကိုထဲ့ပြီး […]

ပဲကပ်ကြော်/Fried chick peas in glutin rice dough

ပဲကပ်ကြော်/Fried chick peas in glutin rice dough


ပဲကပ်ကြော်ကတော့ မုန့်ဟင်းခါးတို့ ၊ ရခိုင်မုန့်တီ တို့မှာ တွဲစားရင်အလွန်အဆင်ပြေ နှစ်သက်ဖွယ်ရာပါနော်၊ ရန်ကုန်မှာလို ဟဲ့ပြေးဝယ်လိုက်စမ်း လို့အလွယ်ခိုင်းလို့မရဘူးဆိုတော့ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ ကြော်စားရပါတယ်၊ ဒါကတော့ လန်ဒန်ပဲကပ်ကြော်လေးပါနော် It goes extremely well with soup dishes like Mote-hin-gar and Rakhine-mote-ti. You are on you own if you want to eat it here as it is not readily available in nearby stalls as in Yangon. So, this is London Pae-kat-kyaw […]

အညာနို့ခဲလုပ်စားမယ်

အညာနို့ခဲလုပ်စားမယ်


ဒါလဲ မေမြို့မှာစားခဲ့တာပဲနော်၊ နို့ခဲကအညာဘက်က ပိုလုပ်စားကြပါတယ်၊ နို့ခဲချက်စပ်စပ်လေးစားချင်နေတာကြာပြီ၊ မေမြို့က အဒေါ်ကြီးတယောက် လုပ်တာမြင်ဖူးတာပါ၊ သူကတော့ မုရိုးစေး အစက်လေးတွေချပါတယ် ၊အညာဘက်မှာဒီအပင်ပေါမှပေါ၊ ဒီမှာ တော့မုရိုးမရှိလို့ သံပရာရေသုံးမယ်နော်၊ အဓိက က နွားနို့ပျက်သွားအောင် အချဉ်ထဲ့တာပါနော်။ ပါဝင်ပစ္စည်းများ -နွားနို့ သုံးလီတာခွဲ ဘူးကြီးတဘူး( ပြီးရင်သေးသေးလေးပဲကျန်တာ) -သံပရာသီးနှစ်လုံး -ဆားနဲနဲ   စစချင်း နွားနို့တွေအိုးထဲ ထဲ့ပြီ တည်ထားပါနော်( မီးနဲနဲ) ၊နွားနို့ ပူလာမယ်ဆိုရင် ခုလိုမျိုးသံပရာရည် ထဲ့ပြီး ဆက်မွှေပါနော် ၊ တော်တော်ကြာ ပွက်ခါနီးရင် နွားနို့ စပျက်လာတာတွေ့ရပါမယ်။  အဆင်သင့်အနေအထားကိုရောက်ပါပြီ     အရည်နဲ့အဖတ် ကွဲပြီဆိုရင် ပိတ်စခံပြီး အရည်စစ်ချပါ၊ စစ်လို့ရတဲ့အရည်တွေက နို့ဦးရည်လိုပဲအားရှိပါတယ် ဆိုလို သိမ်းထားလိုက်တယ်(သမီးငယ်ကအရမ်းကြိုက်ပါတယ်)၊ နောက်ပြီး ဟင်းထဲ ထဲ့ချက်လို့ရှိရင် စိမ့်ပါတယ်နော်။ […]