ဂဏန်းသားတိုဖူးကြော်
ဂဏန်းသားတိုဖူးကြော် ဒီဂဏန်းသားတိုဖူးကြော်ကို ကိုရီးယားအကင်ဆိုင်မှာ စားဖူးတာပါ အရသာ စိမ့်စိမ့် ချိုချိုလေးပါ။ အဆာပြေစားနိုင်တဲ့အစားအစာ တခုလို့ဆိုကြပါစို့။လုပ်ရတာတော့ တော်တော်လေး လွယ်ပါတယ်။ ထုံးစံ အတိုင်းကျမကလဲ လွယ်တယ်ဆိုမှလုပ်စားချင်သူမို့ ကျမအဆင်ပြေလွယ်ကူ စားကောင်းတယ် ဆိုရင်ပြောပြချင်တဲ့အတွက် ဒါလေးကိုရေးဖြစ်ပါတယ်နော်။ ကိုရီးယား အစားအစာတမျိုးဖြစ်တဲ့ ဂုံးကြက်ဥနှစ်ကြော် နဲ့ခပ်ဆင်ဆင်တူပေမဲ့ အရသာဟာ လုံးဝ ကွဲပြား တာတွေ့ရပါတယ်။ ဂဏန်းသားရဲ့ အချိုဓာတ်ရယ် တိုဖူးရဲ့အစိမ့်ဓာတ်ရယ်ကြောင့် အရသာ တမူထူးပါတယ်။ ဒီ post မှာကျမကကြက်ဥတိုဖူးကိုအသုံးပြုထားပါတယ်။ ရန်ကုန်မှာတော့ City Mart မှာကျမတွေ့ဖူးပါတယ်။ တိုဖူးချောင်းလေးတွေပေါ့။ လုပ်နည်းကြည့်ရအောင်နော် ပါဝင်ပစ္စည်းများ -ဂဏန်းသား 150 g -ကြက်ဥတိုဖူး ၁တောင့် -ကြက်ဥတလုံး -ကြက်သွန်မြိတ် ၁ပင် -ပြောင်းကော်မှုန့်၂ဇွန်း(စားပွဲတင်) -ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း) -ငရုတ်ကောင်း (အနယ်ငယ်) -ဂျင်းထောင်းပြီးသား ၁ဇွန်း(အချိုဇွန်း) ကြက်ဥတိုဖူးကို ခြေထားပေးပါ။ […]
နို့ပေါင်မုန့်လုံး(Scone)
ဒီပေါင်မုန့်လုံးလေးတွေက ဥရောပအစားအစာ တခုပါ။ အင်္ဂလန်နိုင်ငံရဲ့ afternoon tea လို့ခေါ်တဲ့လဘက်ရည်သောက်ချိန် များမှာ များသောအားဖြင့်ပါလေ့ရှိပါတယ်။ သူတို့ရဲ့ ရိုးရာအစားအစာလို့ခေါ်ကြပါစို့။ ယိုအမျိုးမျိုး၊ ထောပတ်စတာတွေနဲ့ တွဲဖက်စားသုံးကြပါတယ်။ ကျမက ဒီပေါင်မုန့်လေးကိုစိတ်ဝင်စားသွားတာက သားကြီး ကျောင်းကအပြန် သူတို့ကျောင်းမှာ သူကိုယ်တိုင်လုပ်လာတာဆိုပြီး ဒီ Scones လေးပါလာပါတယ်။ သူတို့ကျောင်းမှာ တပတ်တခါ မုန့်လုပ်နည်းတွေသင်ပါတယ်။စိတ်ဝင်စားတဲ့ကလေးက ကြီးရင်အဲဒါကို Subject တခုအနေနဲ့ယူနိုင်ပါတယ်။ ကျမက ပေါင်မုန့်ကိုအိမ်မှာ ကလေးတွေစားဖို့လောက်သာ ဝယ်လေ့ရှိသူပါ။ ထမင်းအလွန်ကြိုက်သူ ကျမ အတွက်ဒီလိုပေါင်မုန့်တွေ ကိုသိပ်စိတ်မဝင်စားတာ အမှန်ပါ။ သားကြီးက စားကြည့်ပါဆိုတော့ကျမက မြည်းရပါတယ်။ သူက ကျမကို ယိုလေးသုတ်ပြီးစားစေပါတယ်။ စိမ့်စိမ့်လေးမို့ ယိုနဲ့တွဲစားတဲ့အခါ စားလို့ကောင်းပါတယ်။ သူကပဲ မေမေ အဲဒါအရမ်းလွယ်တယ် လုပ်ကြည့်ပါလို့ အကြံပေးပြန်ပါတယ်။ ကျမက စပျစ်သီးခြောက်လေးတွေ ထဲ့ပါတယ်။ကြိုက်တဲ့ […]
ဂျမေကန်ကြက်ကင်နဲ့ ပဲကတ္တီပါထမင်း
ဂျမေကန်ကြက်ကင်နဲ့ ပဲကတ္တီပါထမင်း ကျမသားကြီးရဲ့သူငယ်ချင်းမလေး မိဘများက အမေ ကအင်္ဂလိပ် အဖေက ဂျမေကန် နိုင်ငံသား ပါ။ သမီး၃ယောက်ရှိပြီး အကြီးက သားနဲ့ရွယ်တူ သမီးအငယ်က ကျမသမီး နဲ့ရွယ်တူမို့ ပိုပေါင်းမိကြပါတယ်။ သူတို့မိသားစုက ဗမာအစားအစာ ကြိုက်ပါတယ်။ ကျမလဲ ကို့အစားအစာကိုသူတို့ ခုံခုံမင်မင်စားတယ်ဆိုအလွန်သဘောကျမိပါတယ်။ ကျမသားနဲ့ သူ့အဖေတို့ကတော့ဧည့်သည်ဖိတ်တာ ဝါသနာပါကြတဲ့သူတွေ ဖြစ်တဲ့အလျောက် ဒီမိသားစုလေးကို ခဏခဏ အိမ်လည်လာဖို့ဖိတ်ပါတယ်။ ဂျမေကန် လူမျိုးတွေက ပွင့်လင်းပြီးခင်မင်စရာအလွန်ကောင်းပါတယ်။ သူတို့နိုင်ငံက Jerk chicken လို့ ခေါ်တဲ့ ဂျာမေကန် ကြက်ကင်က နံမည်ကြီးပြီး စားလို့အလွန်ကောင်းပါတယ်။ သူက ဒါကိုလုပ်စားဖို့အကြံဥာဏ်ပေးပါတယ်။ အဲဒါကို သူတို့က ပဲကတ္တီပါ ထမင်းနဲ့စားကြပါတယ်။ ချက်နည်းလေး ကြည့်ကြရအောင် ကြက်သားကင်ရန်ပါဝင်ပစ္စည်းများ( ၂ယောက်စာ) -ကြက်သား ရင်ပုံ၂ခု -ကြက်သွန်နီ […]
Scallops နဲ့ ပဲကြာဇံ
Scallops နဲ့ပဲကြာဇံ Scallops က ပြင်သစ်နိုင်ငံရဲ့အစားအစာ တမျိုးလို့ဆိုကြပါစို့ ။ Scallops ဆိုတာ ပြင်သစ်လို Escalope လို့ခေါ်တဲ့ Shell (အခွံ) ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကမာ အမျိုးအစားတမျိုးပဲဖြစ်ပါတယ်။ အရသာက ချိုပြီးစိမ့်ပါတယ်။ပင်လယ်စာ တမျိုးမို့အကြီးအသေး အပေါ်မူတည်ပြီး ဈေးနှုန်းကလဲ ကြီးပါတယ်။ ကျမအမျိုးသားရော ကျမရောအဲဒါကိုအလွန် နှစ်သက်ပါတယ်။ အဲဒါလေးကို ရိုးရိုးရှင်းရှင်းလေးဘယ်လိုလုပ်စားရမလဲ ဆိုတာလေး ရေးပေးပါရစေ။ ဒီ မှာသုံးတဲ့ ပဲကြာဇံဟာ ပဲနောက် mung beans နဲ့လုပ်ထားတာဖြစ်ပါတယ်။ hot pot မှာထဲ့စားကြတာပါ။ ကျမကတော့ဒီကြာဇံအရသာ ကိုခပ်ထုတ်ထုတ်လေးမို့အလွန်ကြိုက်ပါတယ်။ဒီ post မှာတော့ဒါလေးကိုသုံး ထားပါတယ်။ ပါဝင်ပစ္စည်းများ – Scallops ၂၀၀ ဂရမ် -ပဲကြာဇံ ၁ပွဲစာ (ရေစိမ်ထားပါ) -သံလွင်ဆီ၁ဇွန်း( စားပွဲတင်) […]
ဂဏန်းခွက်ကြော်
ဂဏန်းခွက်ကြော် ကျမ အရမ်းကြိုက်တဲ့အစားအစာဆို အိမ်မှာ ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒီဂဏန်းခွက်ကြော်ကို ကျမစားဖူးတာ ရန်ကုန်က ယောက်လမ်းထဲက ဆိုင်လေးတဆိုင်မှာပါ။ ကျမအကို ဝမ်းကွဲ ကိုကြီးထွန်းက လိုက်ကျွေးဖူးတာပါ။ သူတို့ကလူပျိုအရွယ်တွေဆိုတော့ ခဏခဏသွားမှာပေါ့။ ကျမငယ်ငယ်ပဲရှိပါသေးတယ်။ သူတို့ စိတ်လိုလို့ခေါ်တဲ့အခါဆို လိုက်ရတာပေါ့လေ။ ဆိုင်နံမည်လဲ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ Mother House ဆိုလား။အဲဒီ ထဲက အရမ်းကြိုက်တာ။ ကြုံရင်လဲ ကြုံသလိုစားဖြစ်ပါတယ်။ ဒီမှာတော့ကိုယ်တိုင်လုပ်စားရတာပေါ့နော်။ ပါဝင်ပစ္စည်းများ ( ၅ခုစာ) -ဂဏန်းသား ၇၀ ဂရမ် -မုန်လာဥနီ ဓားနုတ်ပေါက် ၅၀ ဂရမ် -ကြက်သွန်နီ ဓားနုတ်ပေါက် ၅၀ ဂရမ် -ကြက်သွန်မြိတ် ပါးပါးလှီး ၁ပင် -ကြက်ဥ၁လုံး – bread crumbs ပေါင်မှုန့်ခြောက်၃ဇွန်း(စားပွဲတင်) -ကော်မှုန့် ၁ဇွန်း(အချိုဇွန်း) […]
သီးစုံချဉ်ရည်ဟင်း(ဘဲဥ)
သီးစုံချဉ်ရည်ဟင်း(ဘဲဥ) ကျမ တို့အိမ်မှာ သီးစုံချဉ်ရည်ဟင်းကို ချက်ခဲပါတယ်။ ကြိုက်ပေမဲ့ အမယ်မယ်တွေထဲ့ရလို့စိတ်ရှုပ်လို့ပါ။ ဘုန်းကြီး ဆွမ်းကပ်မယ် ဆိုရင်ဖြစ်စေ ဧည့်သည် ရောက်နေမှဖြစ်စေ အထူးသဖြင့်ချက်ဖြစ်တာပေါ့လေ။ ကျမမောင်တဝမ်းကွဲလေးရောက်နေတော့ သူစားချင်မယ် ဆိုတာသိလို့ ကျမချက်တာပါ။ ဘဲဥလဲ သူမစားရတာကြာမယ်ဆိုပြီး ထဲ့ချက်ဖြစ်သွားတာပါ။ အောက်ဆုံးမှာ Video Link လေးထဲ့ထားပါတယ် ပါဝင်ပစ္စည်းများ (အသီးစုံကြိုက်နှစ်သက်ရာ) -ဘူးသီး(၁ခြမ်း) -ခရမ်းသီး(၁လုံး) -ရုံးပတီသီး(၄-၅တောင့်) -မုန်လာဥဖြူ(၁လုံး) -ဒန့်သလွန်သီး(၂တောင့်) – အာလူး(၂လုံး) -ခရမ်းချဉ်သီး(၁လုံး) -နံနံပင် -ကြက်သွန်ဖြူ (၃မွှာ) -ကြက်သွန်နီ၁လုံး(ပါးပါးလှီး) -ငါးရံ့ခြောက် ၅၀ ဂရမ် -မကျည်းသီးအနှစ်ရည် ၅၀ မီလီမီတာ -ငံပြာရည် ၅ဇွန်း( စားပွဲတင်) -ဆား ၁ဇွန်း( စားပွဲတင်) – ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်) – မဆလာ ၁ဇွန်း(စားပွဲတင်) […]
Lemon Mousse
ဒါလေးကို နွေရာသီ အမောပြေအနေနဲ့စားကြည့်ကြရအောင်။ ဒီဘက်ဥရောပနိုင်ငံတွေမှာတော့နေရာ အနှံ့တွေအပြားတွေ့ရပါတယ်။ သူတို့ရဲ့ အချိုပွဲလေးပေါ့နော်။ လီမွန်သီးနဲ့ပြုလုပ်ပြီး ချိုချဉ်အရသာလေးရှိပါတယ်။ အနံ့လေးသင်းပြီးစားလို့ကောင်ပါတယ်နော်။ အရမ်းလွယ်ပါတယ်။ အကယ်၍အိမ်ကို ဧည့်သည်ရှောင်တခင်လာမယ်ဆိုရင် ၁၀မိနစ်အတွင်းပြီးနိုင်တဲ့အချိုပွဲမျိုးပေါ့။ ရှောင်တခင်ဆိုလို့ ကျမအမျိုးသားနဲ့သား တွေသမီးတွေ အိမ်ကို ရှောင်တခင် အလည်ဖိတ်တာ အလွန်ဝါသနာ ပါပါတယ်။ ဒီတော့ဒါမျိုးလေးတွေ ကျမ အတွက်တော့အလွန့်အလွန်ကိုအသုံးဝင်ပါတယ်ရှင်။ ပါဝင်ပစ္စည်းများ( ၂လက်မအရှည်ခွက်ငယ်၎ခွက်စာ) – နို့အပျစ် ၂၀၀ ဂရမ် -နို့ဆီ ၁၅၀ ဂရမ် -လီမွန်ရည် ၁လုံးစာ -သကြား ၁ဇွန်း(စားပွဲတင်) ပထဆုံး ခွက်ထဲကို ထဲ့ပြီးလက်ကိုင် blender နဲ့ ၅မိနစ်ခန့်အမြှုပ်ထသည်အထိ မွှေပေးပါ။ အမြှုပ်ရပြီဆိုရင် နို့ဆီထဲ့ သကြား၊ လီမွန်ရည်ထဲ့မွှေပါ။ အာလုံး ခပ်ပျစ်ပျစ်လေးဖြစ်ရင် လီမွန်အခွံလေးများခြစ်ချပြီးမွှေလိုက်ပါ။ ပြီးရင် ခွက်များထဲ […]
Burmese Crispy Pancake (ခေါက်မုန့်လုပ်နည်း)
ကျမဒီခေါက်မုန့်ကျွတ်ကျွတ်ချိုချိုလေးစားချင်နေတာအတော်ကြာပြီ၊ ငယ်ငယ်ကကျမတို့ အမတဝမ်းကွဲ နေ့လည်နေ့ခင်း လှည်းတန်းဈေးထဲသွားရင် သူဝယ်ဝယ်လာတတ်တယ်။ လမ်းသရဲမုန့်(( ရေမုန့်))၊ ခေါက်မုန့် စတဲ့အစုံအလင်တပုံတပင် ဝယ်ပြီးပြန်လာတတ်ပါတယ်။ ကြိုက်တာယူစားကြပါတယ်။ ကျမက ရေမုန့်ကိုအရမ်းကြိုက်သလို ခေါက်မုန့်ကိုလဲအလွန်ကြိုက်ပါတယ်။ တကယ်တန်းက ဆန်တခုတည်းနဲ့ မြန်မာပြည်မှာလုပ်ပေမဲ့ ကျမက နိုင်ငံရပ်ခြားနေရသူတွေ လုပ်ရလွယ်ကူအောင် စဉ်းစားပြီး တခြားဟာလေးတွေပါ စဉ်းစားပြီး ထဲ့ကြည့်လုပ်ယူရပါတယ်။ ဥပမာ- မုန့်လက်ဆောင်းဖတ်လုပ်နည်း ဆိုရင် ဆန်တခုတည်းနဲ့လုပ်ရတာ ဖြစ်ပေမဲ့ လိုက်လုပ်စားကြမဲ့သူတွေအဆင်ပြေအောင် ကျမ ဟိုဟာလျှောက်ထဲ့ ဒီဟာလျှောက်ထဲ့ ထဲ့ရင်းနဲ့ အကြာကြီးမကျိုရတဲ့နည်းကိုတွေ့ခဲ့တာပါ။ ခုဒီ ခေါက်မုန့်လေးကတော့ အလွန်ကောင်းအလွန်လွယ်ပါတယ်။ အကယ်၍များ ဒီထက်ပိုကျွတ်ပြီး ထန်းညက်မကြိုက်ရင် သကြားကိုပိုထဲ့ဖျော်ပေးပြီး ထန်းညက်တို့ အုန်းသီးဖတ်တို့ကို အထဲမှာမထဲ့ပဲ ကျွတ်လာသည်အထိထားပေးပါ။ အောက်ဖက်မှာလုပ်နည်း နောက်တမျိုး တင်ပေးထားပါတယ်( ဒါက Facebook ကညီမငယ် ငယ်ကြည်ကြည်ဝင်းရဲ့ […]
င်္ီမုန့်လုံးရေပေါ်(သင်္ကြန်စာ)
မုန့်လုံးရေပေါ် ကိုများသောအားဖြင့် သင်္ကြန်စာအဖြစ်စားကြသော်လည်းကျမတို့ လိုနိုင်ငံရပ်ခြားနေရသူများအဖို့ ဘယ်အချိန်စားစား စားကောင်းနေပါတယ်။ ဒီလကတော့ သင်္ကြန်လဖြစ်တဲ့အတွက် နေရာအနှံ့စတုဒီသာ ကျွေးနေကြမှာမြင်ယောင်မိပါတယ်။ ငရုတ်သီးစိမ်းထဲ့လုံးပြီး စကြတာလဲ ချစ်စရာဓလေ့ လေးဖြစ်လို့နေပါတယ်။ မုန့်လုံးရေပေါ်ကို ယတြာခြေတဲ့အနေနဲ့မြုပ်နေတာတွေပေါ်လာစေကြောင်း ဘုရားကပ်ကဆုတောင်းတတ် ကြပါတယ်။ဒီလဟာကျမရဲ့မွေးလလဲဖြစ် သင်္ကြန်လလဲဖြစ်တဲ့အတွက်ဒီလိုအချိန်ဆိုရင် ကျမရဲ့ အိမ်ပြန်ချင်တဲ့ရောဂါက ပြန်ထလာပါတယ်။ အဲဒီရောဂါကလဲ တလတခါနီးပါးဖြစ်ပါတယ်။ ဘယ်လောက်ပဲ အင်္ဂလန်မှာနေတာကြာပေမဲ့ ကျမက ကိုယ့်မွေးရပ်မြေလဲဖြစ် မိဘများရှိရာရန်ကုန်အိမ်ကိုသာ နွေးထွေးသောအိမ်လို့မသိစိတ်ကထင်မိပါတယ်။ ဒီနှစ်လဲမပြန်ဖြစ်ပေမဲ့ အလွမ်းပြေသင်္ကြန်စာများလုပ်စားဖြစ်ပါတယ်။ မုန်လုံးရေပေါ်လုပ်နည်းလေး လုပ်စားဖြစ်လို့အမှတ်တရ တင်ဖြစ်ပါတယ်။ ပါဝင်သောပစ္စည်း(၃ပွဲစာခန့်) ကောက်ညှင်းမှုန့် – ၁ခွက်(ထမင်းပေါင်းအိုးခွက်) ဆန်မှုန့် – ၂ဇွန်း(စားပွဲတင်) ထန်းညက် –၆-၇လုံး ခန့် အုန်းသီးဖတ် နှစ်သက်သလိုထဲ့နိုင်ပါတယ် ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရေနွေးနွေး ပေါင်းအိုးခွက်တဝက်ခန့် ကို […]
မုန့်ပျားသလက်( မုန့်ပစ်စလက်)
မုန့်ပျားသလက်( မုန့်ပစ်စလက်) ကျမအဖေက အထက်မြန်မာပြည်ပုခုက္ကူ ရှင်မကန်ရွာကပါ။ အဖေက အညာသားစစ်စစ်ပေါ့။ ကျမအဖေငယ်ငယ်က ရန်ကုန်မတတ်လာခင် အညာမှာ အမေလုပ်သူ (ကျမအဖွား ) နဲ့ဈေးရောင်းကူရပါတယ်တဲ့၊ ကျမအဖွားက ဟိုးတုံးက အညာဘက်မှာ မုန့်ပျားသလက်၊ ပန်းရွက်ပေါင်း၊ ကြက်သွန်ပေါင်း စတာတွေကို လုပ်ရောင်းတာပါ။ ဟိုတနေ့က ကျမ အဖေ အညာမှာ အလှူပြန်လုပ်တဲ့ ဓာတ်ပုံလေးတွေပြန် ကြည့်မိတော့ အဖေတို့ မုန့်ပျားသလက် စတဲ့အညာ မုန့်တွေ စားနေကြတဲ့ပုံလေး တွေ့ပါတယ်။ ကျမ ကလဲ ဒီဘက်က အလွန်ကို စားချင်လာတာနဲ့ ဆန်မှုန့်ကို ရေရောထားပါတယ်။ အညာမှာ တော့ မုန့်ပျားသလက်က ပဲလွန်းနဲ့ လုပ်ကြပါတယ်နော်။ ခုမြို့ကြီးတွေ မှာတော့ ပဲပြုတ်တို့ ကြက်သွန်မြိတ်တို့ ထဲ့ကြပါတယ်နော်။ ပါဝင်ပစ္စည်းများ( ၁၀ ခုစာ) […]