22 Comments

နံကထိုင်


မအားဘူးဖြစ်နေလို့ ဒီရက်ပိုင်းဘာမှကိုမတင်ဖြစ်ဘူး၊ နံကထိုင် လုပ်စားတာလေးတင်ပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ( ၁၅ခုစာ)
-ဂျုံ ၁ခွက်ခွဲ( ဆန်ချိန်ခွက်)
-ဂီထောပတ် ၅၀ဂရမ်
-Castar Sugar သကြားအချောမှုန့် ၃ဇွန်း( ဟင်းချက်ဇွန်း)
-ကြက်ဥ ၁လုံး
-ဆော်ဒါ ၁ဇွန်း(အချိုဇွန်း)

နံကထိုင် ပြူလုပ်ရာတွင် Castar sugar သုံးမှ မုန့်ကောင်းပါသည်
ဂျုံ၊ ထောပတ်၊ သကြား၊ ကြက်ဥ ၊ ဆော်ဒါ များကိုဇလုံတခုထဲ ထဲ့ကာ သမအောင် နယ်ပေးပါ။

အခြားမုန့်များလို သိပ်မနယ်ရပါ။ သိပ်နယ်လွန်းရင် ဆီများထွက်လာပါမည်။

ပြီးမှ အဝိုင်းကလေးများ ပြူလုပ်ကာ မုန့်ဗန်းပေါ်တွင် ခြား၍တင် ထားပါ။ ခြားရခြင်းက မုန့်ပွလာလျင် တခုနဲ့တခုပူးကပ်မသွားစေရန်ဖြစ်ပါတယ်။

ကြိုတင်အပူပေးပြီးသား Oven ထဲတွင် ၁၀မိနစ်ခန့် အပေါ်မီး အောက်မီးနဲ့ ၁၅၀ ဒီဂရီနဲ့ဖုတ်ပါ။

မုန့်လေးများ ကို ရွှေ့ကြည့်လို့ ဗန်းမှာမကပ်နေရင် ကျက်ပြီဖြစ်ပါတယ်။ အအေးခံပြီးရင် နံကထိုင်လေး အဆင်သင့်စားလို့ရပါပြီ။

About these ads

22 comments on “နံကထိုင်

  1. micro wave နဲ့ဆို ဘယ်လိုဖုတ်ရမလဲဟင်

  2. Hi Daw Eithet,
    Thank u so much.We’re your great fans from New York.We highly appreciate for all
    the recipes and love to read the way u present on the post.We wish u all the best.
    Regards.
    Aunty Pearl.

  3. thanks for ur sharning

  4. Very easy ET yay. Thanks a lot.

  5. castar sugar မဟုတ်ဘဲရိုးရိုးသကြားနဲ့ကောလုပ်လို့ရပါသလား။
    ဆော်ဒါကရောရိုးရိုးဆော်ဒါလားမုန့်ဖုတ်ဆော်ဒါလားသိချင်ပါတယ်။
    မုန့်လုပ်နည်းမျှဝေပေးတဲ့အတွက်ကျေးဇူးပါ။

    • မရှိရင် နဲနဲချေလိုက်ပါ။ရိုးရိုးသကြားက မုန့်ကိုကွဲစေလို့ပါ။ Baking soda ပါ :)

  6. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

  7. နံကထိုင်ကိုအရမ်းကြိုက်တယ်ညီမလေးရေ..
    ညီမလေးလုပ်ထားတာလွယ်တယ်နော်..
    အစ်မလုပ်ရင်လွယ်ပါ့မလားမသိဘူး..
    ဒါပေမယ့် ရအောင်လုပ်စားကြည့်မယ်ညီမလေးရေ..
    ကျေးဇူး :)

    • လွယ်ပါတယ်မရေ လုပ်စားကြည့်နော် ကုလား နံကထိုင်တွေလို အနံ့မပြင်းဘူး

  8. မမရေ..ဆော်ဒါမဟုတ်ပဲ baking powder သုံးလို့ရလားဟင်..

  9. hello eithet,
    thanks for sharing :)
    which kind of flour should i choose?

  10. Thank you, eithet :)
    there are many types of flour such as for baking cake, for cookies,plain, etc..
    from there which one is the best? any type flour is suitable?

    i tried it but not successful :(
    the taste is different. it looks like muffin. not looks like nan ka htaing :(
    can suggest what is wrong??

  11. မအိသက် …ပေးထားတဲ့ အတိုင်းလုပ်ပါတယ် ပုံထည်းက လိုတော့သိပ်မလှဘူး နံကထိုင်ထက် ကွတ်ကီ နဲ့ ပိုတူနေသလိုဘဲ နောက်ပြီး Baking soda သုံးတာ အရသာ နဲနဲ သက်တယ် နော် အဲဒါ ဘာများမှား နေလည်းလို့ ဆိုဒါ မထည့်ဘဲ baking powder ထည့် ရင်ရော ဘယ်လို နေမလည်း လို့ ဆိုဒါကကြောင့် အရသာ ခါး တာလား မသိဘူး အကြံ ပြုပေးပါအုန်းနော် ကျေးဇူးတင်ပါတယ်

  12. ညီမရေ ရွှေပုဇွန်ကနံကထိုင်လိုမျိုးလေးဘယ်လိုလုပ်ရမလဲဟင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

%d bloggers like this: