ငါးသလောက်ဟင်းကို အိသက်အမျိုးသားစားပေမဲ့ ငါးသလောက်ဥကို လုံးဝမစားပါ။ သူမကြိုက်တဲ့အတွက်ခဏခဏ မချက်ဖြစ်ပါ။ ဒီတခါတော့ မစားရတာလဲကြာလို့ သူမနက်အလုပ်သွားတဲ့နေ့ရွေးပြီး ချက်ပါတယ်။
ပါဝင်ပစ္စည်း
-ငါးသလောက်ဥ ၃၀၀ ဂရမ်
-ဂျင်း၁ဇွန်း(စားပွဲတင်)
-ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ခရမ်းချဉ်သီး၁လုံး
-အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)
-ဆနွမ်းနဲနဲ
-ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ
ငါးသလောက်ဥများကိုရေစင်စင်ဆေးပြီးရင် ဂျင်း၊ဆား၊ကြက်သားမှုန့်၁ဇွန်းတို့နဲ့ နယ်ထားပေးပါ။
ကြက်သွန်ထောင်းထားတာများဆီသတ်ပါ။ ကြက်သွန်ရွှေဝါရောင်သန်းရင် ငါးဥများထဲ့ကာ အိုးကိုလှုပ်ပေးပါ။ ကြက်သားမှုန့်၁ဇွန်း ထဲ့ပါ
၃မိနစ်ခန့်အကြာ ခရမ်းချဉ်သီးများထဲ့ကာ အနယ်ငယ် လှိမ့်ပေးကာရေအနဲငယ်ထဲ့ပြီး ၁၅မိနစ်ခန့်အုပ်ပေးပါ။
ငါးဥလေးများကျက်ပြီးဆိုရင် နံနံပင်လေးအုပ်ပြီး ထမင်းပူပူနဲ့စားလို့ရပါပြီ။







မရေ
မအမျိုးသားနဲ့  နေရာချင်းသာလဲလိုက်ချင်တော့တယ် …
ငါးသလောက်ဥဆို အရမ်းကြိုက်တာ
မြန်မာပြည်မှာ မြင်ကို မမြင်ရဘူးလေ
ခုတော့ အမချက်တာကိုပဲ ကြည့်ပီး သွားရေကျရတော့တယ် …
အရမ်းကိုစားကောင်းမှာပဲ…..
ဟုတ်ပဟယ် သူက ဂဏန်းလဲမစားဘူး အစားကောင်းမကြိုက်ဘူးဆိုတာမျိုးပေါ့
မအိသက်နဲ့ facebook friend ဖြစ်သွားပီ..ဖြစ်ချင်နေတာကြာပေါ့ ခုမှ add လို့ ရသွားတယ် .. ကြည့်ကြည့်တော့ အသက်က သိပ်မကွားဘူးပဲ.. မှတ်ထားအုံးနော် Aye Aye Paing ပါ အိသက်ဆီ မနေ့ ကလည်း မက်ဆေ့ခ်ျ ပို့ သေးတယ်.. သူငယ်ချင်းချက်တဲ့ ဟင်းတိုင်းကို အမြဲတမ်းအားပေးနေတယ်နော် .. ဒါနဲ့  အိသက်တို့ couple အရမ်းမိုက်တယ်သိလား …
Hi Ei , thanks for all the posts . just wondering where you can get the roes in London .
i got it from east london fish market
မအိသက်
ငါးသလောက်ဥဟင်း တင်ပေးတာ ကျေးဇူးတင်ပါရှင့်။ အိမ်မှာတော့ အမချက်တာဘဲ စားနေတော့ မချက်တက်ဘူး။ အရင် စမ်းချက်ကြည့်တော့ ကြေကုန်လို့ နာမည်ကောင်းမရဘူး ။ အိမ်မှာချက်တာတော့ ခရမ်းချဉ်သီး မထည့်ဘူး ။ မအိသက်နည်းအတိုင်း အိုးကို လှုပ်ရုံဘဲ လှုပ်တော့ မကြေတော့ဘူး။ နည်းနည်း တိုးတက်လာပြီ။ ဟိဟိ