ဘုန်းကြီး ဆွမ်းကပ်ဖို့ရှိတော့ ငါးသလောက်လေးတော့ပေါင်းဦးမှဆိုပြီး စဉ်းစားမိတာနဲ့ ပထမ ရိုးရိုးပေါင်းမယ်ပေါ့။ ဈေးဝယ်ထွက်တော့ ကြံချောင်းလတ်လတ်လေးတွေ တွေ့တာနဲ့ အမေပေါင်းသလို ကြံခင်းပြီးပေါင်းမယ် ဆိုပြီးဝယ်လိုက်တာ။ ကောင်းလိုက်တဲ့ ကြံ ချိုလိုက်တာ၊ ကြံနဲ့ပေါင်း တဲ့ ထူးခြားချက် က အရသာပိုကောင်းတယ် ပေါင်းတဲ့အခါနူးတာ ပိုမြန်ပါတယ်။ အောက်လဲမကပ်ဘူး။ အဲဒီနေ့က ဘုန်းကြီးပွဲအပြီး အိသက်တို့တွေစားကောင်းကောင်းနဲ့ စားလိုက်ကြတာ( သူငယ်ချင်းအမျိုးသားက ပိန်ပေမဲ့ အတော်စားနိုင်သား) ညနေမှအလုပ်ပြီးလို့လာတဲ့ သူငယ်ချင်း လေးအတွက်တောင်မကျန်တော့ဘူး။ သူကလဲ အလျှော့မပေးပဲ ရှိတဲ့ဟင်းတွေနဲ့ အားပါးတရ လွေးသွားပါတယ်။ ဟင်းတမျိုးမှ မပစ်လိုက်ရပါ။ ဘုန်းကြီးပွဲအတွက်နောက်ကျမစိုးလို့မြန်မြန် ဓာတ်ပုံ ရိုက်လိုက်ရတာ သိပ် တော့မလှဘူး.
ပါဝင်ပစ္စည်းများ
-ငါးသလောက်တကောင်
-ကြံချောင်း
-ကြက်သွန်နီ ၁လုံး
-ဆနွမ်း ၂ဇွန်း (လ္ဘက်စားဇွန်း)
-စပါလင်၁ချောင်း
-ငံပြာရည် ၂ဇွန်း(စားပွဲတင်)

ကြက်သွန်အနီပဲသုံးပါတယ်၊ အဖြူက ငါးသလောက်အနံ့ကို ဖုံးသွားတတ်လို လုံးဝမသုံးပါ။ အနီကိုကြိတ်ထားပေးပါ။
ငါးသလောက်ကို ရေစင်စင်ဆေးကာဆနွမ်း၊ ကြက်သားမှုန့်၊ ငံပြာရည် တို့ဖြင့် နယ်ထားပါ။

ပေါင်းမဲ့ အိုးထဲမှာပဲ ကြက်သွန်နီကို ဆီပူ နဲနဲပေးပါ။ ငါးထဲ့ပြီး အိုးကို လှုပ်ပေးပါ။ ၁မိနစ်ဆို ရပါပြီနော်။ ငါးတုံးလေးများနဲ့ အနှစ်ကို ဖယ်ထားလိုက်ပါ။

အိုးထဲမှာ ကြံချောင်းလေးများကို ခင်းလိုက်ပါ။ အဲဒီအပေါ်ကမှ ငါးသလောက် အတုံးလေးများနဲ့ အနှစ်များတင်ပါ။ ငံပြာရည်နဲနဲထဲ့ပါ။

ရေကို ငါးအတုံးမြုပ်ရုံ ထဲ့ပါ။ ပေါင်းအိုးနဲ့ ပေါင်းရင် မိနစ် ၄၀ဆို အတုံးမပျက်ပဲအရိုးလေးတွေပါနူး နေပါပြီ။
ကြံအစား စပါလင်ချောင်းလေးများ ခင်းလို့ရပါတယ်နော်။ နဲနဲအချိန်ပိုကြာကြာ ပေါင်းရပါမယ်။
သွေးတိုးကြောက်တတ်ရင် ငါးသလောက်နူးခါနီး လီမွန်သီး ပါးပါးလှီးလေးများထဲ့ပါ။ နူးအိ နေသော လီမွန်သီးလေးများက သွေးမတိုးစေပဲ စားလို့လဲကောင်းပါတယ်။ သံပုရာသီးလဲသုံးလို ရပါတယ်။




အရမ်းမိုက်တယ် ..ချက်နည်းလေးမျှတာကျေးဇူးပါ။။
welcome sis
ကြိုက်တယ်။စားချင်လာပြီ
GREAT COOK
thanks a lot
အခုပဲပေါင်းလိုက်တော့မယ်၊ ငါးသလောက်ဝယ်လိုရလို့
let me know if you like it
Hi sis,
what is that fish called in English?thanks.
Hilsa fish
Hilsa fish